ထိုည၌ သူတို့သည် မိမိတို့ဖခင်ကို စပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအကြီးသည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။
သုတ္တံကျမ်း။ 23:29 - မြန်မာ့စံမီသမ္မာကျမ်း မည်သူသည် အမင်္ဂလာရှိသနည်း။ မည်သူသည် စိတ်ပျက်ဝမ်းနည်းတတ်သနည်း။ မည်သူသည် ငြင်းခုံရန်တွေ့တတ်သနည်း။ မည်သူသည် ညည်းတွားတတ်သနည်း။ မည်သူသည် အကြောင်းမဲ့ဒဏ်ရာများရတတ်သနည်း။ မည်သူသည် မျက်စိနီရဲနေတတ်သနည်း။ Common Language Bible အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊ Garrad Bible အ မိ အ မယ် ဟူ၍ ခေါ် ရ ခြင်း၊ ရန် တွေ့ ခြင်း၊ မြည် တမ်း ခြင်း၊ အ ကြောင်း မဲ့ ထိ ရှ ခြင်း၊ မျက် စိ နီ ခြင်း များ ကို ရ သူ တို့ ကား၊ Judson Bible အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည် ရန်တွေ့ခြင်း ရှိသနည်း။ အဘယ်သူသည် မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်းမရှိ၊ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်းဟူမူကား၊ |
ထိုည၌ သူတို့သည် မိမိတို့ဖခင်ကို စပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအကြီးသည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။
နောက်မှ ဒါဝိဒ်မင်းကြီးသည် သူ့ကို စားသောက်ပွဲသို့ ဖိတ်ပြီး မူးအောင် သောက်စေ၏။ သို့သော် နေဝင်ချိန်တွင် သူသည် အိမ်သို့မပြန်ဘဲ သူ့သခင်၏အစေအပါးများနှင့်အတူ သွားအိပ်လေ၏။
ထိုအခါ အဗရှလုံက သူ့ငယ်သားတို့အား “သင်တို့ စောင့်ကြည့်ပါ။ စပျစ်ဝိုင်ကြောင့် အာမနုန် စိတ်မြူးလာသောအခါ ငါက ‘အာမနုန်ကို သတ်လိုက်ပါ’ဟု ဆိုလျှင် သူ့ကိုသတ်လိုက်ပါ။ ငါအမိန့်ပေးသည်မဟုတ်လော။ သင်တို့မကြောက်ကြနှင့်။ အားယူပြီး သတ္တိရှိကြပါ”ဟု မှာထား၏။
စပျစ်ဝိုင်သည် ပြက်ရယ်ပြုစေတတ်၏။ သေရည်သေရက်သည်လည်း ဆူပူသောင်းကျန်းစေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူရှိသမျှသည် ဉာဏ်ပညာမရှိ။
စပျစ်ဝိုင်သောက်ကြူးသောသူများ၊ အသားစားကြူးသောသူများနှင့် မပေါင်းဖော်နှင့်။
အကြောင်းမူကား အသောက်ကြူးသောသူနှင့် အစားကြူးသောသူသည် ဆင်းရဲသွားလိမ့်မည်။ ငိုက်မျဉ်းခြင်းသည်လည်း လူကိုအဝတ်စုတ်များဝတ်စေလိမ့်မည်။
နံနက်စောစောထ၍ သေရည်သေရက်နောက်လိုက်သောသူ၊ ညဥ့်နက်သည်အထိ စပျစ်ဝိုင်နှင့်ယစ်မူးသောသူတို့သည် အမင်္ဂလာရှိကြ၏။
စပျစ်ဝိုင်အလွန်အကြူးသောက်သူ၊ သေရည်သေရက်ရောစပ်ရာတွင်ကျွမ်းကျင်သူတို့သည် အမင်္ဂလာရှိကြ၏။
သူတို့သည် ဆူးချုံကဲ့သို့ ရစ်ပတ်ရှုပ်ထွေးလျက်၊ စပျစ်ဝိုင်ကိုသောက်စားမူးယစ်လျက်နေစဉ် ခြောက်သွေ့သောရိုးပြတ်ကဲ့သို့ မီးလောင်ကျွမ်းခြင်းခံရလိမ့်မည်။
အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။