အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 23:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့ပြုလျှင် သင့်​အတွက် အနာဂတ် မုချ​ရှိ​လိမ့်မည်​။ သင်​၏​မျှော်လင့်​ခြင်း​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။

Common Language Bible

အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့်မြော်လင့်ခြင်းအကြောင်း မပျက်ရာ။

အခန်းကိုကြည့်ပါ။

Garrad Bible

မု ချ အား ဖြင့် အ ကျိုး ခံ စား ရ လျက်၊ စောင့် မျှော် ရာ လည်း မ ပျက် ဘဲ တည် လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကယ်​စင်​စစ် အ​မှု​ဆုံး​ဖြတ်​ချိန်​သည် ရောက်​လိမ့်​မည်။ သင့်​မျှော်​လင့်​ခြင်း​အ​ကြောင်း မ​ပျက်​ရာ။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 23:18
11 ပူးပေါင်းရင်းမြစ်များ  

၎င်း​တို့​အားဖြင့် ကိုယ်တော်​၏​အစေအပါး​သည် သတိပေး​ခြင်း​ကို​ခံရ​ပါ​၏​။ ၎င်း​တို့​ကို​စောင့်ထိန်း​ခြင်း​အကျိုး​သည် ကြီးမား​လှ​ပါ​၏​။


အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို မှတ်သားဆင်ခြင်​လော့​။ ဖြောင့်မှန်​သော​သူ​ကို ကြည့်ရှု​လော့​။ အကြောင်းမူကား ငြိမ်းချမ်း​ခြင်း​ဆောင်ကြဉ်း​သူ​အတွက် အနာဂတ်​ရှိ​၏​။


ထိုအခါ လူ​တို့​က “​ဖြောင့်မတ်​သော​သူ​သည် ဆုလာဘ်​ကို အမှန်ပင်​ခံရ​၏​။ ကမ္ဘာမြေကြီး​ကို တရားစီရင်​တော်မူ​သော ဘုရားသခင်​သည် အမှန်ပင်​ရှိ​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။


သို့သော် နွမ်းပါး​သော​သူ​တို့​သည် အစဉ်​မေ့လျော့​ခြင်း​ခံရ​မည်​မ​ဟုတ်​။ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​မျှော်လင့်​ခြင်း​သည်​လည်း ထာဝစဉ်​ပျက်စီး​သွား​မည်​မ​ဟုတ်​။


ထိုနည်းတူ ဉာဏ်ပညာ​သည် သင်​၏​စိတ်ဝိညာဉ်​အတွက် ချိုမြိန်​ကြောင်း​သိမှတ်​လော့​။ ဉာဏ်ပညာ​ကို သင်​တွေ့ရှိ​ပါက သင့်​အတွက် အနာဂတ်​ရှိ​လိမ့်မည်​။ သင်​၏​မျှော်လင့်​ခြင်း​သည်​လည်း ဖျက်ဆီး​ခြင်း ခံရ​လိမ့်မည်​မ​ဟုတ်​။


အကြောင်းမူကား ဆိုးညစ်​သော​သူ​တို့​အတွက် အနာဂတ်​မ​ရှိ​။ ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​သည် ငြိမ်း​သွား​လိမ့်မည်​။


အကြောင်းမူကား ငါ​ထာဝရဘုရား​သည် သင်​တို့​အတွက်​ကြံစည်​ထား​သော အကြံအစည်​များ​ကို ငါ​သာလျှင်​သိ​၏​။ သင်​တို့​ကို ဒုက္ခ​ရောက်​စေ​မည်​မ​ဟုတ်​၊ ကောင်းစား​စေ​မည့် အကြံအစည်​ဖြစ်​၏​။ သင်​တို့​မျှော်လင့်​သော​အနာဂတ်​ကို ပေး​ရန်​အတွက်​ဖြစ်​၏​။


သို့သော် အာဗြဟံ​က ‘ငါ့​သား၊ သင်​သည်​အသက်ရှင်​စဉ်အခါ မိမိ​အတွက် ကောင်း​သော​အရာ​များ​ကို​ရရှိ​ခဲ့​၍ လာဇရု​သည် မကောင်း​သော​အရာ​များ​ကို​ရရှိ​ခဲ့​ကြောင်း သတိရ​လော့။ ယခု​မူကား သူ​သည်​ဤ​နေရာ​တွင် နှစ်သိမ့်​ခြင်း​ကို​ခံစားရ​၍ သင်​သည် ဝေဒနာ​ပြင်းစွာ​ခံစား​နေ​ရ​၏။


ငါ​သည် မည်သည့်​အရာ​၌​မျှ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ခါတိုင်း​ကဲ့သို့ ယခု​အခါ​တွင်​လည်း ရဲရင့်​ခြင်း​အပြည့်အဝ​ရှိ​လျက် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ ငါ​၏​ကိုယ်ခန္ဓာ​အားဖြင့် ခရစ်တော်​သည် ချီးမွမ်း​ခြင်း​ခံရ​မည့်​အကြောင်း မျှော်လင့်​တောင့်တ​၏။


ထို့ကြောင့် ကြီးမြတ်​သော​အကျိုးကျေးဇူး​ရှိ​သည့် သင်​တို့​၏​ယုံကြည်​စိတ်ချ​မှု​ကို မ​စွန့်လွှတ်​ကြ​နှင့်။