ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
သုတ္တံကျမ်း။ 20:7 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူသည် တည်ကြည်စွာလျှောက်လှမ်းတတ်၏။ နောင်လာမည့် သူ၏သားမြေးတို့သည် မင်္ဂလာရှိကြ၏။ Common Language Bible ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း လမ်းသို့ လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။ Garrad Bible ဖြောင့် မတ် သော သူ သည်၊ ရိုး သား စွာ လျှောက် လိုက် သ ဖြင့်၊ ဆင်း သက် သော သား မြေး တို့၌ မင်္ဂ လာ ရှိ၏။ Judson Bible ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။ |
ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
ဥဇပြည်တွင် ယောဘအမည်ရှိသောလူတစ်ယောက်ရှိ၏။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်၏။
သူ၏သားမြေးစဉ်ဆက်တို့သည် ကမ္ဘာမြေကြီးပေါ်တွင်ခွန်အားကြီးသောသူဖြစ်ကြလိမ့်မည်။ ဖြောင့်မှန်သောသူ၏မျိုးဆက်သည် ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
ထိုသူကား အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူ၊ ဖြောင့်မတ်စွာပြုကျင့်သောသူ၊ မိမိစိတ်နှလုံးမှ သစ္စာစကားကိုပြောဆိုသောသူ၊
အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍ ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
အကျွန်ုပ်မူကား တည်ကြည်စွာလျှောက်လှမ်းပါ၏။ အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်၍ အကျွန်ုပ်ကိုသနားတော်မူပါ။
သူသည် အစဉ်အမြဲသနားတတ်၍ ချေးငှားပေးတတ်၏။ သူ၏သားမြေးတို့သည်လည်း ကောင်းချီးမင်္ဂလာ ဖြစ်ကြ၏။
သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။
ဖြောင့်မှန်စွာလျှောက်လှမ်းသောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူမူကား ကိုယ်တော်ကိုမထီမဲ့မြင်ပြုတတ်၏။
ထာဝရဘုရားကိုကြောက်ရွံ့သောသူ၌ တန်ခိုးကြီးသောကိုးစားရာရှိ၍ ၎င်းသည် သူ၏သားသမီးတို့အတွက် ခိုလှုံရာဖြစ်လိမ့်မည်။
တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသားသည် ကောက်ကျစ်သောစကားကိုပြောဆိုသည့် လူမိုက်ထက် ပို၍ကောင်း၏။
ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊
ငါ့ကို အစဉ်ကြောက်ရွံ့ရိုသေခြင်းအားဖြင့် သူတို့နှင့် နောင်လာမည့်သူတို့၏သားသမီးများ ကောင်းစားဖို့ တစ်ခုတည်းသောစိတ်သဘော၊ တစ်ခုတည်းသောနည်းလမ်းကို သူတို့အား ငါပေးမည်။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။