ဥဇပြည်တွင် ယောဘအမည်ရှိသောလူတစ်ယောက်ရှိ၏။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်၏။
သုတ္တံကျမ်း။ 2:21 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မှန်သောသူတို့သည် ပြည်တော်၌နေထိုင်ရ၍ အပြစ်တင်စရာမရှိသောသူတို့သည် ထိုပြည်၌မြဲကြလိမ့်မည်။ Common Language Bible ဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည်။ Garrad Bible ဖြောင့် မှန် သော သူ တို့ သည်၊ နေ ပြည် တွင် တည် လျက်၊ စုံ လင် သူ တို့ လည်း၊ မြဲ ကြ လိမ့် မည်။ Judson Bible ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍၊ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ |
ဥဇပြည်တွင် ယောဘအမည်ရှိသောလူတစ်ယောက်ရှိ၏။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်၏။
ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေဆက်ခံရ၍ ကြွယ်ဝသောငြိမ်းချမ်းခြင်း၌ မွေ့လျော်ရကြလိမ့်မည်။
ထာဝရဘုရားသည် အပြစ်တင်စရာမရှိသောသူတို့၏ နေ့ရက်များကိုသိတော်မူ၏။ သူတို့၏အမွေသည် အစဉ်အမြဲတည်လိမ့်မည်။
အကြောင်းမူကား ကိုယ်တော်၏ကောင်းချီးမင်္ဂလာကို ခံစားရသောသူတို့သည် ပြည်တော်ကိုအမွေဆက်ခံရကြလိမ့်မည်။ ကိုယ်တော်၏ကျိန်ခြင်းကိုခံရသောသူတို့မူကား ဖယ်ရှားခြင်းခံရကြလိမ့်မည်။
ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေဆက်ခံရ၍ ၎င်းတွင် ထာဝစဉ်နေထိုင်ရကြလိမ့်မည်။
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
အကြောင်းမူကား ဆိုးညစ်သောအမှုကိုပြုသောသူတို့သည် ဖယ်ရှားခြင်းခံကြရလိမ့်မည်။ ထာဝရဘုရားကိုစောင့်မျှော်သောသူတို့မူကား ပြည်တော်ကိုအမွေဆက်ခံရကြလိမ့်မည်။
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
ဖြောင့်မတ်သောသူသည် မည်သည့်အခါမျှမရွေ့ရာ။ ဆိုးယုတ်သောသူတို့မူကား ပြည်တော်၌ နေထိုင်ရလိမ့်မည်မဟုတ်။
ဖြောင့်မှန်သောသူကို မကောင်းသောလမ်းထဲသို့ လမ်းလွဲစေသောသူသည် မိမိ၏တွင်းထဲသို့ မိမိကိုယ်တိုင်ကျလိမ့်မည်။ အပြစ်တင်စရာမရှိသောသူတို့မူကား ကောင်းသောအရာကို အမွေဆက်ခံရကြလိမ့်မည်။