လူ့ထံမှအလိုရှိအပ်သောအရာကား သူ၏မေတ္တာကရုဏာဖြစ်၏။ ဆင်းရဲသောသူသည် လိမ်လည်သောသူထက် ပို၍ကောင်း၏။
လူသည်စေတနာရှိလျှင် ကျေးဇူးပြုရာ ရောက်၏။ ဆင်းရဲသောသူသည်လည်း၊ မုသာသုံးသော သူထက်သာ၍ ကောင်း၏။
လူ တွင် နှစ် သက် ဖွယ် ရာ မှာ၊ ကျေး ဇူး ပြု ခြင်း တည်း။ နွမ်း ပါး သော သူ သည်၊ သ စ္စာ မဲ့ သူ ထက် သာ၍ မြတ် ၏။
လူသည် စေတနာရှိလျှင် ကျေးဇူးပြုရာရောက်၏။ ဆင်းရဲသောသူသည်လည်း၊ မုသားသုံးသောသူထက် သာ၍ကောင်း၏။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။
သို့သော် ထာဝရဘုရားက ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့နာမအဖို့ အိမ်တော်ကိုတည်ဆောက်ရန် သင်စိတ်ဆန္ဒရှိလေပြီ။ ထိုစိတ်ဆန္ဒရှိခြင်းသည် ကောင်းသောအမှုဖြစ်၏။
ဝေစုရရှိရန် ကိုယ့်မိတ်ဆွေကို သစ္စာဖောက်သောသူ၏သားသမီးတို့သည်လည်း မျက်စိကွယ်ရလိမ့်မည်။
ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့လည်းကောင်း၊ ဖြတ်သန်းစီးဆင်းသွားသောတောင်ကျချောင်းရေကဲ့သို့လည်းကောင်း သစ္စာမဲ့ကြ၏။
အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။
တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသားသည် ကောက်ကျစ်သောစကားကိုပြောဆိုသည့် လူမိုက်ထက် ပို၍ကောင်း၏။
လူ၏စိတ်နှလုံးထဲ၌ အကြံအစည်များစွာရှိ၏။ သို့ရာတွင် ထာဝရဘုရား၏အကြံဉာဏ်သည်သာ တည်လိမ့်မည်။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ရှင်ခြင်းသို့ပို့ဆောင်ပေးသည်ဖြစ်၍ ထိုစိတ်သဘောရှိသောသူသည် ပြည့်စုံစွာနေရလျက် ဘေးအန္တရာယ်နှင့်ကြုံတွေ့ရလိမ့်မည်မဟုတ်။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။
မုသားနှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ထိုထာဝရအသက်ကို ရှေးကာလများမတိုင်မီကပင် ကတိပေးတော်မူပြီး