အကယ်စင်စစ် ဒေါသသည် ဆိုးမိုက်သောသူကို သတ်တတ်၏။ မနာလိုစိတ်သည်လည်း ဉာဏ်နုံ့သောသူကို သေစေတတ်၏။
သုတ္တံကျမ်း။ 19:16 - မြန်မာ့စံမီသမ္မာကျမ်း ပညတ်တော်ကိုစောင့်ထိန်းသောသူသည် မိမိ၏စိတ်ဝိညာဉ်ကိုစောင့်ထိန်းသောသူဖြစ်၏။ ကိုယ်တော်၏လမ်းတော်တို့ကို မထီမဲ့မြင်ပြုသောသူမူကား သေရလိမ့်မည်။ Common Language Bible ပညတ်တရားကို စောင့်သောသူသည် မိမိ အသက်ဝိညာဉ်ကို စောင့်ရာရောက်၏။ မိမိသွားရာလမ်း တို့ကို မထီလေးစားပြုသောသူမူကား၊ အသေခံရ၏။ Garrad Bible ပ ညတ် တော် ကို စောင့် ရှောက် သော သူ သည်၊ ကိုယ့် အ သက် ကို စောင့် ရှောက် ရာ ရောက် ၏။ နည်း လမ်း တော် ကို မ ထီ မဲ့ မြင် ပြု သော သူ မူ ကား၊ အ သေ ခံ ရ၏။ Judson Bible ပညတ်တရားကို စောင့်သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်ရာရောက်၏။ မိမိသွားရာလမ်းတို့ကို မထီလေးစား ပြုသောသူမူကား၊ အသေခံရ၏။ |
အကယ်စင်စစ် ဒေါသသည် ဆိုးမိုက်သောသူကို သတ်တတ်၏။ မနာလိုစိတ်သည်လည်း ဉာဏ်နုံ့သောသူကို သေစေတတ်၏။
ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ ဥပဒေသတို့ကို လိုက်နာရန် သတိရသောသူတို့အပေါ်၌လည်းကောင်း တည်၏။
နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုသောသူသည် မိမိအပေါ်မိမိ ပျက်စီးခြင်းကိုသက်ရောက်စေလိမ့်မည်။ ပညတ်တော်ကိုရိုသေသောသူမူကား ဆုလာဘ်ကိုရရှိလိမ့်မည်။
ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူသည် ကိုယ့်ကိုယ်ကိုယ်အလေးမထားတတ်။ ဆိုဆုံးမစကားကိုနားထောင်သောသူမူကား အသိဉာဏ်ကိုရတတ်၏။
ဖြောင့်မှန်သောသူတို့၏လမ်းသည် မကောင်းမှုမှဖယ်ခွာခြင်းဖြစ်၏။ မိမိသွားရာလမ်းကို ထိန်းသိမ်းစောင့်ရှောက်သောသူသည် မိမိအသက်ကိုစောင့်ထိန်းသောသူဖြစ်၏။
မိမိနှုတ်နှင့် လျှာကို စောင့်ထိန်းသောသူသည် မိမိအသက်ကို ဆင်းရဲဒုက္ခမှ စောင့်ထိန်းသောသူဖြစ်၏။
ကောက်ကျစ်သောသူ၏လမ်း၌ ဆူးပင်များနှင့် ကျော့ကွင်းများရှိကြ၏။ မိမိ၏စိတ်ဝိညာဉ်ကိုစောင့်ထိန်းသောသူသည် ထိုအရာတို့ကို ဝေးဝေးရှောင်တတ်၏။
ဗျာဒိတ်နိမိတ်မရှိလျှင် လူတို့သည် စည်းလွတ်ဝါးလွတ်ပြုမူတတ်ကြ၏။ ပညတ်တရားကိုစောင့်ထိန်းသောသူမူကား မင်္ဂလာရှိ၏။
ငါ့သား၊ ငါ၏သွန်သင်ချက်ကို မမေ့လျော့နှင့်။ ငါ၏ပညတ်ချက်တို့ကိုလည်း သင်၏စိတ်နှလုံးသည် ထိန်းသိမ်းစောင့်ရှောက်ပါစေ။
အားလုံးကိုကြားရပြီးသည့်နောက် နိဂုံးချုပ်စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူတို့ပြုရမည့်အရာအလုံးစုံ၏အချုပ်ဖြစ်၏။
သူ၏အမိန့်ကိုစောင့်ထိန်းသောသူသည် မကောင်းသောအမှုအရာနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်။ ပညာရှိသောသူ၏စိတ်နှလုံးသည် အချိန်နှင့်စီရင်ထုံးတို့ကို သိတတ်၏။
သို့သော် သူတို့အား ‘ငါ့စကားကို နားထောင်ကြလော့။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ ငါပညတ်သောနည်းလမ်းရှိသမျှတို့ကို သင်တို့လိုက်လျှောက်လျှင် သင်တို့ကောင်းစားကြရမည်’ ဟူသောစကားကိုကား ငါမိန့်မှာခဲ့၏။
တံပိုးမှုတ်သံကိုကြားသော်လည်း သတိမထားသောကြောင့် အသက်သေသွားလျှင် ကိုယ်နှင့်သာဆိုင်၏။ သတိထားသောသူမူကား အသက်ချမ်းသာရာရမည်။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
ကိုယ်တော်ကလည်း“မှန်ပေ၏။ ထိုအတိုင်းပြုလော့။ သို့ပြုလျှင် အသက်ရှင်လိမ့်မည်”ဟု မိန့်တော်မူ၏။
သို့ရာတွင် ကိုယ်တော်က“စင်စစ်ကား ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
အရေဖျားလှီးခြင်းသည် ပဓာနမဟုတ်။ အရေဖျားမလှီးခြင်းသည်လည်း ပဓာနမဟုတ်။ ဘုရားသခင်၏ပညတ်တော်ကို စောင့်ထိန်းခြင်းသာ ပဓာနဖြစ်၏။
တောင်းလျှောက်သမျှတို့ကို ဘုရားသခင်ထံမှရကြ၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း၍ ရှေ့တော်၌ နှစ်သက်တော်မူသောအရာများကို ပြုကြသောကြောင့်ဖြစ်၏။
ဘုရားသခင်ကိုချစ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းပင်ဖြစ်၏။ ဘုရားသခင်၏ပညတ်တော်တို့သည်လည်း စောင့်ထိန်းရန်ခဲယဉ်းသည်မဟုတ်။
မိမိတို့၏ဝတ်လုံများကိုလျှော်ဖွပ်၍ အသက်ပင်နှင့်သက်ဆိုင်ရသောအခွင့်ကိုရရှိကာ တံခါးများမှ မြို့ထဲသို့ဝင်ခွင့်ကိုရရှိသောသူတို့သည် မင်္ဂလာရှိကြ၏။