လုကာ 10:28 - မြန်မာ့စံမီသမ္မာကျမ်း28 ကိုယ်တော်ကလည်း“မှန်ပေ၏။ ထိုအတိုင်းပြုလော့။ သို့ပြုလျှင် အသက်ရှင်လိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible28 ကိုယ်တော်က ``သင်၏အဖြေသည်မှန်ပေ၏။ ဤ အတိုင်းပြုလျှင်သင်သည်ထာဝရအသက်ကို ရလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible28 ကိုယ် တော် က သင် သည် မှန် ကန် စွာ ဖြေ ဆို လေ ပြီ၊။ ထို အ တိုင်း ပြု လျှင် အ သက် ကို ရ လိမ့် မည် ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ကိုယ်တော်ကလည်း၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း28 ယေရှုကလည်း “သင်ပြောသည့်အတိုင်း မှန်ပါ၏။ ထိုသို့ပြုလျှင် သင်သည် အသက်ကို ရလိမ့်မည်” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ28 ကိုယ်တော်ကလည်း၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။
သို့သော် သူတို့၏သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ကြ၊ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ထိန်းကြ။ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ၏ဒေါသကို သူတို့အပေါ်သို့သွန်ချ၍ သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်ဟု ငါမိန့်ဆိုခဲ့၏။
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။