ဆာလံ 103:18 - မြန်မာ့စံမီသမ္မာကျမ်း18 ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ ဥပဒေသတို့ကို လိုက်နာရန် သတိရသောသူတို့အပေါ်၌လည်းကောင်း တည်၏။ အခန်းကိုကြည့်ပါ။Judson Bible18 သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကိုကျင့်ခြင်းငှာ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။