အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါးအား ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံစေပြီ။ အကျွန်ုပ်သည် ငယ်ရွယ်သေးသောကြောင့် မည်သို့သွားလာပြုမူရမည်ကို မသိသေးပါ။
သုတ္တံကျမ်း။ 18:12 - မြန်မာ့စံမီသမ္မာကျမ်း ပျက်စီးခြင်း၏ရှေ့ပြေးသည် လူ၏ဘဝင်မြင့်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။ Common Language Bible ပျက်စီးခြင်းအရင်၌လူသည် စိတ်မြင့်ခြင်း၏ နေရာ၊ ဂုဏ်အသရေ အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏။ Garrad Bible ကျိုး ပျက် ခြင်း ခြင်း မ တိုင် မီ၊ လူ သည် စိတ် နေ မြင့် တတ်၏။ ဂုဏ် အ သ ရေ အ ရင် လည်း၊ နှိမ့် ချ ခြင်း တည် ရာ ၏။ Judson Bible ပျက်စီးခြင်းအရင်၌ လူသည် စိတ်မြင့်ခြင်း၏နေရာ၊ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။ |
အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါးအား ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံစေပြီ။ အကျွန်ုပ်သည် ငယ်ရွယ်သေးသောကြောင့် မည်သို့သွားလာပြုမူရမည်ကို မသိသေးပါ။
မာနထောင်လွှားခြင်းလာသောအခါ အရှက်ကွဲခြင်းလိုက်လာတတ်၏။ ဉာဏ်ပညာကား စိတ်နှိမ့်ချသောသူတို့နှင့်အတူ လိုက်လာ၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာနှင့်ဆိုင်သောဆုံးမပဲ့ပြင်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
လူ၏မာန်မာနသည် သူ့ကိုနိမ့်ကျစေတတ်၏။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်သရေကိုရလိမ့်မည်။
“အချင်းလူသား၊ တိုင်ရာမင်းကြီးအား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဘဝင်မြင့်၍ ငါသည် ဘုရားဖြစ်၏။ သမုဒ္ဒရာအလယ် ဘုရားတို့၏ပလ္လင်တော်၌ စံမြန်း၏ဟု သင်ဆို၏။ သင်သည် ဘုရားမဟုတ် လူသားဖြစ်လျက်နှင့် သင့်စိတ်ထဲတွင် သင့်ကိုယ်သင် ဘုရားဟုထင်မှတ်၏။
‘သင်သည် သင့်ကိုသတ်သောသူ၏ရှေ့မှောက်တွင် ငါသည် ဘုရားဖြစ်၏ဟု ဆိုနိုင်ဦးမည်လော။ စင်စစ် လူသတ်သမားတို့အဖို့ သင်သည် ဘုရားမဟုတ်။ လူသားသာဖြစ်၏။
အီဂျစ်ပြည်သည် လူဆိတ်ညံရာ၊ ပြိုပျက်ရာ ဖြစ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ သင်က နိုင်းမြစ်ကို ငါပိုင်၏၊ ငါ့အဖို့ ငါဖန်ဆင်းပြီဟု ဆိုခဲ့သောကြောင့်
ထိုသို့ ငါသည် ငါ့အပြစ်၊ ငါ့လူမျိုးအစ္စရေးတို့၏အပြစ်ကို ဝန်ချတောင်းပန်၍ မြွက်ဆိုဆုတောင်းခဲ့၏။ ဘုရားသခင်၏သန့်ရှင်းသောတောင်တော်အတွက်လည်း ဘုရားသခင်ထာဝရဘုရားထံ ပျပ်ဝပ်အသနားခံခဲ့၏။
သင်သည် နှစ်သက်မြတ်နိုးခြင်းကို ခံရသောသူဖြစ်သောကြောင့် သင် စတင်ဆုတောင်းစဉ်မှာပင် အမိန့်တော်ရှိသည်ဖြစ်၍ သင့်အား ပြောကြားရန် ငါရောက်လာပြီ။ သို့ဖြစ်၍ ဤစကားတော်ကို ဆင်ခြင်၍ ဗျာဒိတ်အာရုံကို သိရှိနားလည်လော့။
အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။