ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။
ချို သာ စွာ တုံ့ ပြန် ချက် သည်၊ ဒေါ သ ကို လွှဲ ရှောင် တတ်၏။ ကြမ်း တမ်း သော စ ကား မူ ကား၊ အ မျက် ကို နှိုး ဆော် တတ် ၏။
ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။
အစ္စရေးအမျိုးသားတို့ကလည်း ယုဒအမျိုးသားတို့အား “ရှင်ဘုရင်၌ ငါတို့ဝေစုဆယ်စုရှိ၏။ ထို့ကြောင့် သင်တို့နှင့်ယှဉ်လျှင် ငါတို့သည် ဒါဝိဒ်မင်းကြီးနှင့်ပို၍စပ်ဆိုင်၏။ အဘယ်ကြောင့် ငါတို့ကို မထီလေးစားပြုရသနည်း။ ငါတို့ဘုရင်ကို ငါတို့ အဦးဆုံးပြန်ခေါ်ရမည်မဟုတ်လော”ဟု ပြန်ပြောကြ၏။ သို့သော် ယုဒအမျိုးသားတို့၏စကားသည် အစ္စရေးအမျိုးသားတို့၏စကားထက် ပို၍ခိုင်မာ၏။
သူတို့က “ယနေ့ မင်းကြီးသည် ဤလူတို့၏အမှုကိုထမ်းဆောင်၍ သူတို့၏အစေကိုခံလျက် သူတို့ကို ကောင်းမွန်စွာပြောဆိုဆက်ဆံမည်ဆိုလျှင် သူတို့သည် မင်းကြီးထံအစဉ်အမြဲအစေခံကြပါလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။
သူတို့က “မင်းကြီးသည် ဤလူတို့ကိုကျေးဇူးပြုမည်၊ သူတို့စိတ်ကျေနပ်အောင် ကောင်းမွန်စွာပြောဆိုဆက်ဆံမည်ဆိုလျှင် သူတို့သည် မင်းကြီးထံ အစဉ်အမြဲအစေခံကြပါလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။
သူသည် သင့်ကို အကြိမ်ပေါင်းများစွာအသနားခံလိမ့်မည်လော။ သင့်ကို ညင်သာစွာပြောဆိုလိမ့်မည်လော။
မုန်းတီးခြင်းသည် အငြင်းပွားမှုများဖြစ်စေရန် လှုံ့ဆော်တတ်၏။ ချစ်ခြင်းမေတ္တာမူကား ကျူးလွန်သောအပြစ်ရှိသမျှကို ဖုံးအုပ်တတ်၏။
ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။
စိတ်ရှည်ခြင်းအားဖြင့် ဦးစီးဦးဆောင်သူကို ဖျောင်းဖျနိုင်၏။ နူးညံ့သိမ်မွေ့သောစကားသည်လည်း အရိုးကိုကျိုးစေနိုင်၏။
လောဘကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား ပြည့်စုံကြွယ်ဝလိမ့်မည်။
စိတ်တိုသောသူသည် အငြင်းပွားမှုဖြစ်ရန် လှုံ့ဆော်တတ်၏။ ဒေါသကြီးသောသူသည်လည်း အပြစ်များစွာကျူးလွန်တတ်၏။
ပြက်ရယ်ပြုတတ်သောသူတို့သည် မြို့ကိုဆူပူအုံကြွစေတတ်၏။ ပညာရှိတို့မူကား အမျက်ကိုပြေစေတတ်၏။
လူအစုအဝေးကို ပြန်လွှတ်လိုက်လေ၏။