စွန့်ကြဲသော်လည်း ဥစ္စာပို၍တိုးပွားသူရှိ၏။ ပေးသင့်သည့်အရာကိုပင် ဆုပ်ကိုင်ထားသော်လည်း ချို့တဲ့နွမ်းပါးခြင်းသို့ရောက်သူလည်းရှိ၏။
သုတ္တံကျမ်း။ 13:7 - မြန်မာ့စံမီသမ္မာကျမ်း ဘာမျှမရှိဘဲလျက် ချမ်းသာဟန်ဆောင်သောသူရှိ၏။ စည်းစိမ်ဥစ္စာများစွာရှိလျက်နှင့် ဆင်းရဲဟန်ဆောင်သောသူရှိ၏။ Common Language Bible အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင် သော သူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန် ဆောင်သောသူလည်းရှိ၏။ Garrad Bible အ လျှင်း မ ရှိ ဘဲ နှင့် ရ တတ် ဟန် ဆောင် သူ၊ အ လွန် ရ တတ် လျက် နှင့် ဆင်း ရဲ ဟန် ဆောင် သူ ရှိ ကြ ၏။ Judson Bible အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင်သောသူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန်ဆောင်သောသူလည်းရှိ၏။ |
စွန့်ကြဲသော်လည်း ဥစ္စာပို၍တိုးပွားသူရှိ၏။ ပေးသင့်သည့်အရာကိုပင် ဆုပ်ကိုင်ထားသော်လည်း ချို့တဲ့နွမ်းပါးခြင်းသို့ရောက်သူလည်းရှိ၏။
ဂုဏ်နိမ့်သော်လည်း အစေအပါးရှိသောသူသည် ဂုဏ်ဖော်ဝါကြွားသော်လည်း စားစရာမရှိသောသူထက် ပို၍ကောင်း၏။
လွယ်လွယ်ရသောစည်းစိမ်ဥစ္စာသည် လျော့နည်းသွားတတ်၏။ နည်းနည်းချင်းစုဆောင်းသောသူမူကား စည်းစိမ်ဥစ္စာကိုတိုးပွားစေတတ်၏။
လူ၏ဓနဥစ္စာသည် သူ့အသက်ကိုပြန်ရွေးသော အဖိုးအခဖြစ်၏။ ဆင်းရဲသောသူမူကား မည်သည့်ခြိမ်းခြောက်သံကိုမျှ မကြားရပေ။
သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
မိမိအတွက် ဥစ္စာများကိုသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်၌ ကြွယ်ဝခြင်းမရှိသောသူသည် ဤသူဌေးနှင့်တူ၏”ဟု မိန့်တော်မူ၏။
သင်တို့၏ဥစ္စာပစ္စည်းများကိုရောင်း၍ ပေးကမ်းစွန့်ကြဲကြလော့။ မိမိတို့အတွက် မဟောင်းနွမ်းနိုင်သော ပိုက်ဆံအိတ်များကိုပြုလုပ်ကြ၍ သူခိုးမကပ်၊ ပိုးမွှားလည်းမဖျက်ဆီးရာ ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဥစ္စာဘဏ္ဍာကို သိုမှီးကြလော့။
သင်တို့သည် ပြည့်စုံနေကြပြီ။ သင်တို့သည် ကြွယ်ဝနေကြပြီ။ ငါတို့မပါဘဲ စိုးစံနေကြပြီ။ ငါတို့လည်း သင်တို့နှင့်အတူစိုးစံနိုင်ရန် သင်တို့သည် အမှန်တကယ်စိုးစံနေခဲ့ကြလျှင် ကောင်းပေမည်။
သို့သော် အလွန်ထူးမြတ်သော ဤတန်ခိုးသည် ငါတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှဖြစ်ကြောင်း ထင်ရှားစေရန် ငါတို့သည် ဤရတနာကို မြေအိုးထဲ၌ဆောင်ထားကြ၏။
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
သူတို့သည် ထိုသူတို့အား လွတ်လပ်မှုကိုပေးမည်ဟု ကတိပေးလျက်နှင့် သူတို့ကိုယ်တိုင်သည် ပျက်စီးခြင်း၏ကျေးကျွန်များဖြစ်ကြ၏။ အကြောင်းမူကား လူသည် တစ်စုံတစ်ခု၏အနိုင်ယူစိုးမိုးခြင်းကိုခံရလျှင် ထိုအရာ၏ကျေးကျွန်ဖြစ်၏။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းတို့ကို ငါသိ၏။ အမှန်မှာ သင်သည် ချမ်းသာ၏။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့ထံမှ သင်ခံရသောစော်ကားပြောဆိုခြင်းကိုလည်း ငါသိ၏။
သင်က ‘ငါသည် ချမ်းသာ၍ကြွယ်ဝသောကြောင့် မည်သည့်လိုအပ်ချက်မျှမရှိ’ဟု ဆိုနေ၏။ သို့သော် သင်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူနှင့် အဝတ်မပါအချည်းစည်းဖြစ်သောသူဖြစ်ကြောင်းကို သင်မသိ။