‘အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုပါ၏။ ယနေ့ အကျွန်ုပ်၏ရာဇပလ္လင်တွင် စံမြန်းရမည့်သူကို ပေးသနားတော်မူ၍ အကျွန်ုပ်ကိုယ်တိုင်မြင်တွေ့ရလေပြီ’ဟူ၍ မြွက်ဆိုခဲ့ပါ၏”ဟု ပြန်ပြောလေ၏။
သုတ္တံကျမ်း။ 13:19 - မြန်မာ့စံမီသမ္မာကျမ်း အလိုဆန္ဒပြည့်ဝခြင်းသည် စိတ်ဝိညာဉ်အတွက် နှစ်သက်ဖွယ်ဖြစ်၏။ သို့သော် မကောင်းမှုမှဖယ်ခွာခြင်းသည် မိုက်မဲသောသူတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ Common Language Bible အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သော အရာဖြစ်၏။ Garrad Bible အ လို ဆ န္ဒ ပြည့် စုံ ခြင်း ဖြင့်၊ အေး မြ သော စိတ် ရှိ၏။ မိုက် မဲ သူ တို့ မူ ကား၊ အ ဆိုး ကို လွှဲ ရှောင် ရန် ရွံ ရှာ တတ် ၏။ Judson Bible အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သောအရာဖြစ်၏။ |
‘အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုပါ၏။ ယနေ့ အကျွန်ုပ်၏ရာဇပလ္လင်တွင် စံမြန်းရမည့်သူကို ပေးသနားတော်မူ၍ အကျွန်ုပ်ကိုယ်တိုင်မြင်တွေ့ရလေပြီ’ဟူ၍ မြွက်ဆိုခဲ့ပါ၏”ဟု ပြန်ပြောလေ၏။
ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ ငြိမ်းချမ်းမှုကိုရှာဖွေ၍ ၎င်းကိုလက်ကိုင်ပြုလော့။
မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေထိုင်ရလိမ့်မည်။
မျှော်မှန်းသောအရာကြန့်ကြာနေပါက စိတ်မသာမယာဖြစ်တတ်၏။ အလိုဆန္ဒပြည့်ဝခြင်းမူကား အသက်ပင်သဖွယ်ဖြစ်၏။
ဆင်းရဲခြင်းနှင့်အရှက်ကွဲခြင်းသည် ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူထံသို့ ရောက်လာလိမ့်မည်။ ဆိုဆုံးမစကားကိုစောင့်ထိန်းသောသူမူကား ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။
ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။
ဖြောင့်မှန်သောသူတို့၏လမ်းသည် မကောင်းမှုမှဖယ်ခွာခြင်းဖြစ်၏။ မိမိသွားရာလမ်းကို ထိန်းသိမ်းစောင့်ရှောက်သောသူသည် မိမိအသက်ကိုစောင့်ထိန်းသောသူဖြစ်၏။
မေတ္တာကရုဏာနှင့်သမ္မာတရားအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရ၍ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအားဖြင့် မကောင်းမှုမှဖယ်ခွာနိုင်၏။
သွေးဆာသောသူတို့သည် အပြစ်တင်စရာမရှိသောသူကိုမုန်း၍ ဖြောင့်မှန်သောသူ၏အသက်ကိုသတ်ရန် ရှာကြံတတ်ကြ၏။
ဖြောင့်မတ်သောသူသည် မတရားသောသူကို စက်ဆုပ်ရွံရှာတတ်၏။ ဆိုးယုတ်သောသူမူကား ဖြောင့်မှန်စွာပြုမူကျင့်ကြံသောသူကို စက်ဆုပ်ရွံရှာတတ်၏။
ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု မထင်မြင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာလော့။
ကင်းစောင့်တို့ကို အနည်းငယ်ကျော်လွန်သွားသောအခါ အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို တွေ့ရပါ၏။ အကျွန်ုပ်ကိုမွေးဖွားသောအမေ့အိမ်အတွင်းခန်းထဲသို့ သူ့ကို အကျွန်ုပ်ခေါ်ဆောင်လာပါ၏။ မရောက်မချင်း သူ့ကို မလွတ်တမ်းဆုပ်ကိုင်ထားပါ၏။
သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။