Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 3:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ကင်းစောင့်​တို့​ကို အနည်းငယ်​ကျော်လွန်​သွား​သောအခါ အကျွန်ုပ်​ချစ်မြတ်နိုး​သော​အရှင်​ကို တွေ့​ရ​ပါ​၏​။ အကျွန်ုပ်​ကို​မွေးဖွား​သော​အမေ့​အိမ်​အတွင်းခန်း​ထဲသို့ သူ့​ကို အကျွန်ုပ်​ခေါ်ဆောင်​လာ​ပါ​၏​။ မ​ရောက်​မ​ချင်း သူ့​ကို မ​လွတ်တမ်း​ဆုပ်ကိုင်​ထား​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သောသမင် ဒရယ်များကို တိုင်တည်၍၊ သင်တို့ကို ငါမှာထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သူ တို့ နှင့် အ နည်း ငယ် လွန် မှ၊ နှစ် သက် မြတ် နိုး ရာ အ ရှင် ကို ကျွန် မ တွေ့ လျှင်၊ အ ရှင် ကို ဆွဲ ကိုင် လျက်၊ ကျွန် မ ကို သ န္ဓေ လွယ် သော မိ ခင်၏ တိုက် ခန်း သို့ မ ခေါ် မ သွင်း မှီ မ လွှတ် ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သူ​တို့​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင်၊ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို​တွေ့၏။ ငါ​သည် သူ့​ကို​မ​လွှတ်။ အ​မြဲ​ကိုင်၍ ငါ့​ကို​ဖွား​မြင်​သော မိ​ခင်၏​အိမ်၌ အိပ်​ရာ​အ​ခန်း​ထဲ​သို့ ဆောင်​ခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 3:4
21 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က “​အရုဏ်တက်​ပြီ​ဖြစ်၍ ငါ့​ကို​လွှတ်​ပါ​”​ဟု ဆို​၏​။ သို့သော် ယာကုပ်​က “​အကျွန်ုပ်​ကို​ကောင်းချီး​မ​ပေး​လျှင် အရှင့်​ကို အကျွန်ုပ်​မ​လွှတ်​ပါ​”​ဟု ဆို​၏​။


ဆုံးမပဲ့ပြင်​ခြင်း​ကို​ဆုပ်ကိုင်​ထား​လော့​။ လွတ်​မ​သွား​စေ​နှင့်​။ ၎င်း​ကို​ထိန်းသိမ်းစောင့်ရှောက်​လော့​။ အကြောင်းမူကား ၎င်း​သည် သင်​၏​အသက်​ဖြစ်​၏​။


ငါ့​ကို​ချစ်​သော​သူ​တို့​ကို ငါ​ချစ်​၏​။ ငါ့​ကို​ကြိုးစား​၍​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ကြ​လိမ့်မည်​။


အကျွန်ုပ်​ချစ်မြတ်နိုး​ရ​သော​အရှင်​၊ သိုး​တို့​ကို အဘယ်မှာ ထိန်းကျောင်း​သနည်း​။ မွန်းတည့်​သောအခါ အဘယ်မှာ​လဲလျောင်း​နား​နေ​စေ​သနည်း​။ အကျွန်ုပ်​ကို ပြောပြ​ပါ​။ အဘယ်ကြောင့် အရှင့်​မိတ်ဆွေ​တို့​၏ သိုးအုပ်​များ​ကြားတွင် အကျွန်ုပ်​သည် ပုန်းလျှိုးကွယ်လျှိုး​နေ​ရ​ပါ​မည်နည်း​။”


အကျွန်ုပ် မ​သိ​လိုက်​မီ​မှာပင် အကျွန်ုပ်​စိတ်​သည် အကျွန်ုပ်​၏​အမျိုးအနွယ်​စီး​သည့်​တော်ဝင်​ရထား​ပေါ်သို့ ရောက်​နှင့်​လေ​ပြီ​။​”


သင့်​ဦးခေါင်း​သည် ကရမေလ​တောင်​နှင့်​တူ​ပြီး ဦးခေါင်း​ရှိ​ဆံနွယ်​များ​သည် ပိတုန်းရောင်သန်း​လျက်​ရှိ​ပါ​၏​။ ထို​ဆံနွယ်စု​များ​သည် ရှင်ဘုရင်​ကို ရစ်ပတ်​နှောင်တွယ်​ထား​လေ​ပြီ​။


အကျွန်ုပ်​အား သွန်သင်​လမ်းပြ​ပေး​ခဲ့​သော အကျွန်ုပ်​၏​မိခင်​အိမ်​သို့ အရှင့်​ကို ဦးဆောင်​ခေါ်သွား​ပါ​မည်​။ အရှင့်​ကို ရနံ့သင်း​သော​ဝိုင်​ဖြစ်​သည့် သလဲသီး​ဝိုင်အသစ်​ကို တိုက်​ပါ​မည်​။


ငါ​သည် မြေကြီး​၏​မှောင်မိုက်​သော​အရပ်​၌ လျှို့ဝှက်​စွာ​မ​မြွက်ဆို​။ ယာကုပ်​၏​သားစဉ်မြေးဆက်​အား “​ငါ့​ကို အချည်းနှီး​ရှာ​ကြ​လော့​”​ဟု ငါ​မ​ပြော​။ ငါ​သည် ဖြောင့်မတ်​သော​စကား​ကို မြွက်ဆို​၍ ဟုတ်မှန်​သော​အရာ​တို့​ကို ဖော်ပြ​သော ထာဝရဘုရား​ဖြစ်​၏​။


သင်​တို့​သည် ငါ့​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သောအခါ ငါ့​ကို ရှာ​တွေ့​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏​။


ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​၊ ထာဝရဘုရား​ကို ရှာ​သော​သူ​ကို ကိုယ်တော်​ကောင်းစား​စေ​တော်မူ​ပါ​၏​။


ထိုအခါ ယေရှု​သည် သူ​တို့​နှင့်​တွေ့ဆုံ​လျက်“မင်္ဂလာ​ပါ”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ချဉ်းကပ်​၍ ကိုယ်တော်​၏​ခြေ​တော်​ကို ဖက်​ထား​ကာ ကိုယ်တော်​ကို​ရှိခိုး​ကြ​၏။


တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်မည်။ တံခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်မည်။


မည်သူ​သည် ငါ​တို့​ကို ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ကွဲကွာ​စေ​မည်နည်း။ ဆင်းရဲ​ဒုက္ခ၊ နာကျင်​ခြင်း​ဝေဒနာ၊ ညှဉ်းဆဲ​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း၊ အဝတ်​အချည်းစည်း​ရှိ​ခြင်း၊ ဘေး​အန္တရာယ်​နှင့် ဓား​ဘေး​စသည်တို့​လော။


အထက်​အရာ​ဖြစ်စေ၊ အောက်​အရာ​ဖြစ်စေ၊ ဖန်ဆင်း​တော်မူ​သော​အခြား​မည်သည့်​အရာ​ပင်​ဖြစ်စေ ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​၌​ရှိ​သော ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွဲကွာ​စေ​နိုင်​ဟု ငါ​သည် ယုံကြည်​စိတ်ချ​၏။


သို့သော် အထက်​အရပ်​တွင်​ရှိ​သော ဂျေရုဆလင်​မြို့​သည် လွတ်လပ်​သော​မိန်းမ​ဖြစ်၍ ၎င်း​သည် ငါ​တို့​၏​အမိ​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ