သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
သုတ္တံကျမ်း။ 13:13 - မြန်မာ့စံမီသမ္မာကျမ်း နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုသောသူသည် မိမိအပေါ်မိမိ ပျက်စီးခြင်းကိုသက်ရောက်စေလိမ့်မည်။ ပညတ်တော်ကိုရိုသေသောသူမူကား ဆုလာဘ်ကိုရရှိလိမ့်မည်။ Common Language Bible နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကိုခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။ Garrad Bible ဗျာ ဒိတ် တော် ကို မ ထီ မဲ့ မြင် ပြု သော သူ သည်၊ ပျက် စီး ရ လိမ့် မည်။ ပ ညတ် တော် ကို ခန့် ညား သော သူ မူ ကား၊ ချမ်း သာ ရ လိမ့် မည်။ Judson Bible နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသောသူမူကား၊ ချမ်းသာရလိမ့်မည်။ |
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။
ကိုယ်တော်၏တရားကိုမြတ်နိုးသောသူတို့၌ ကြီးစွာသောငြိမ်သက်ခြင်းရှိပါ၏။ မည်သည့်အရာမျှ သူတို့အတွက် ခလုတ်တံသင်းဖြစ်မည်မဟုတ်ပါ။
၎င်းတို့အားဖြင့် ကိုယ်တော်၏အစေအပါးသည် သတိပေးခြင်းကိုခံရပါ၏။ ၎င်းတို့ကိုစောင့်ထိန်းခြင်းအကျိုးသည် ကြီးမားလှပါ၏။
မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
ဖာရောမင်းကြီး၏အမှုထမ်းများထဲမှ ထာဝရဘုရားမိန့်တော်မူသောစကားကိုကြောက်ရွံ့သောသူတို့သည် မိမိတို့၏ကျွန်များနှင့် မိမိတို့၏တိရစ္ဆာန်များကို အိမ်ထဲသို့ အမြန်ဝင်စေကြ၏။
သင်တို့သည် ငါပေးသောအကြံဉာဏ်အားလုံးကို လျစ်လျူရှုကြပြီး ငါ၏ဆိုဆုံးမခြင်းကိုလည်း အလိုမရှိကြ။
မျှော်မှန်းသောအရာကြန့်ကြာနေပါက စိတ်မသာမယာဖြစ်တတ်၏။ အလိုဆန္ဒပြည့်ဝခြင်းမူကား အသက်ပင်သဖွယ်ဖြစ်၏။
ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
နှုတ်ကပတ်တော်ကို ဂရုပြုသောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရလိမ့်မည်။ ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူသည်လည်း မင်္ဂလာရှိလိမ့်မည်။
ပညတ်တော်ကိုစောင့်ထိန်းသောသူသည် မိမိ၏စိတ်ဝိညာဉ်ကိုစောင့်ထိန်းသောသူဖြစ်၏။ ကိုယ်တော်၏လမ်းတော်တို့ကို မထီမဲ့မြင်ပြုသောသူမူကား သေရလိမ့်မည်။
ထာဝရဘုရားက “အလုံးစုံကို ငါ့လက်ဖြင့်ဖန်ဆင်း၍ အလုံးစုံသည် ဖြစ်တည်လေပြီ။ စိတ်နှိမ့်ချသောသူ၊ နောင်တရသောသူ၊ ငါ့နှုတ်ထွက်စကားကြောင့် စိုးရိမ်ထိတ်လန့်သောသူကို ငါကြည့်ရှုမည်။
ဟောရှာယ၏သားအာဇရိ၊ ကာရာ၏သားယောဟနန်မှစ၍ မာနထောင်လွှားသောသူအပေါင်းတို့က ယေရမိအား “သင်သည် မုသားစကားကို ပြောပြီ။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ‘အီဂျစ်ပြည်သို့ မသွားရောက်၊ မနေထိုင်ရ’ဟု သင့်ကို ဆင့်ဆိုစေသည်မဟုတ်။
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
သူတို့သည် ရုပ်တုများနောက်သို့ စိတ်ပါသွားကြသောကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။
အကြောင်းမူကား သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုမလိုက်လျှောက်၊ ငါ၏ပြဋ္ဌာန်းချက်တို့ကိုငြင်းပယ်၍ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေသည့်အပြင် ဘိုးဘေးတို့၏ရုပ်တုများနောက်သို့ လိုက်ပါသွားကြ၏။
ထိုအချိန်တွင် ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသောသူတို့အချင်းချင်းပြောဆိုသောစကားကို ထာဝရဘုရားနားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေပြီး နာမတော်ကို ကြည်ညိုလေးစားသောသူတို့နှင့်ပတ်သက်၍ ရှေ့တော်၌ အောက်မေ့စရာမှတ်တမ်းစာလိပ်တွင် ရေးမှတ်ထား၏။
သူသည် ထာဝရဘုရား၏စကားတော်ကိုမထီမဲ့မြင်ပြု၍ ပညတ်တော်ကို ချိုးဖောက်သောကြောင့် သူသည် စင်စစ်ပယ်ဖျက်ခြင်းခံရမည်။ သူ၏ဒုစရိုက်သည် သူ့အပေါ်၌တည်၏”ဟု မိန့်တော်မူ၏။
ဝမ်းမြောက်ရွှင်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့သည် သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းတူညှဉ်းဆဲခဲ့ကြ၏။
သို့သော် အာဗြဟံက ‘သူတို့သည် မောရှေနှင့်ပရောဖက်တို့၏စကားကိုနားမထောင်လျှင် တစ်စုံတစ်ယောက်သည် သေသောသူတို့ထဲမှ ထမြောက်လျှင်လည်း သူတို့ယုံကြည်ကြလိမ့်မည်မဟုတ်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
သင်တို့သည် ငါတို့လုပ်ဆောင်ခဲ့သောအရာကိုမဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကိုအပြည့်အဝခံစားရစေရန် မိမိတို့ကိုယ်ကိုသတိပြုကြလော့။