သင့်အမျိုးအနွယ်နှင့် သင့်နိုင်ငံသည် သင့်ရှေ့မှာ အစဉ်အမြဲတည်မြဲလိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
သုတ္တံကျမ်း။ 12:7 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့သည် ဖြိုလှဲခြင်းခံရ၍ ပျောက်ကွယ်သွားကြ၏။ ဖြောင့်မတ်သောသူတို့၏အိမ်မူကား တည်မြဲလိမ့်မည်။ Common Language Bible မတရားသော သူ၏အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏ အိမ်မူကား၊ အမြဲတည် ခြင်းရှိတတ်၏။ Garrad Bible လူ ဆိုး တို့ သည်၊ လဲ ပြို လျင် ပျောက် ပျက် ကြ လေ ပြီ။ သူ တော် ကောင်း တို့၏ အိမ် မူ ကား၊ တည် မြဲ လိမ့် မည်။ Judson Bible မတရားသောသူ၏အိမ်သည် ပြိုလဲပျောက်ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏အိမ်မူကား၊ အမြဲတည်ခြင်း ရှိတတ်၏။ |
သင့်အမျိုးအနွယ်နှင့် သင့်နိုင်ငံသည် သင့်ရှေ့မှာ အစဉ်အမြဲတည်မြဲလိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အုပ်စိုးသောဘုရားသခင်ဖြစ်တော်မူ၏’ဟု ဆိုလျက် ကိုယ်တော်၏နာမတော်ကို အစဉ်ချီးမြှောက်ကြပါစေသော။ ကိုယ်တော့်အစေအပါး ဒါဝိဒ်၏မင်းမျိုးမင်းနွယ်သည်လည်း ရှေ့တော်၌ တည်မြဲပါစေသော။
ရှင်ဘုရင်သည်လည်း ထိုသို့ပြုရန်အမိန့်ပေးလိုက်၏။ ထိုအမိန့်ကို ရှုရှန်မြို့၌ထုတ်ပြန်ကြေညာပြီး ဟာမန်၏သားဆယ်ယောက်တို့ကို သစ်တိုင်၌ ဆွဲထားကြ၏။
ဆိုးယုတ်သောသူတို့၏မျက်စိသည် မှုန်ဝါးသွား၍ လွတ်မြောက်ရာလမ်းလည်းရှိလိမ့်မည်မဟုတ်။ သူတို့၏မျှော်လင့်ချက်မှာ သေခြင်းသာဖြစ်လိမ့်မည်”ဟု ဆိုလေ၏။
သူတို့ပြုသောအမှုကို သိတော်မူသည်ဖြစ်၍ ညအချိန်တွင် သူတို့ကို ဖျက်ဆီးလိုက်သောအခါ သူတို့ပျက်စီးသွားရလေ၏။
ခဏမျှကြာလျှင် ဆိုးယုတ်သောသူသည် ရှိတော့မည်မဟုတ်။ သင်သည် သူ၏နေရာကိုစေ့စေ့ရှာလျှင်လည်း သူသည်ရှိတော့မည်မဟုတ်။
လေပွေတိုက်ခတ်သွားသောအခါ ဆိုးယုတ်သောသူသည် ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူ၌ကား အစဉ်အမြဲတည်သောအုတ်မြစ်ရှိ၏။
မကောင်းမှုပြုသောသူသည် အပြစ်ဒဏ်နှင့်မည်သို့မျှကင်းလွတ်လိမ့်မည်မဟုတ်။ ဖြောင့်မတ်သောသူတို့၏သားမြေးတို့မူကား မုချကင်းလွတ်လိမ့်မည်။
လူသည် မိမိ၏ဉာဏ်စွမ်းနှင့်အညီ ချီးမွမ်းခြင်းခံရလိမ့်မည်။ ကောက်သောစိတ်သဘောရှိသူမူကား မထီမဲ့မြင်ပြုခြင်းခံရလိမ့်မည်။
ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။ မိုက်မဲသောမိန်းမမူကား ၎င်းကို မိမိလက်ဖြင့် ဖြိုဖျက်တတ်၏။
ဆိုးယုတ်သောသူတို့၏အိမ်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဖြောင့်မှန်သောသူတို့၏တဲမူကား ပွင့်လန်းဝေဆာလိမ့်မည်။
ထာဝရဘုရားသည် မောက်မာသောသူ၏အိမ်ကို ဖြိုဖျက်တော်မူလိမ့်မည်။ မုဆိုးမ၏နယ်နိမိတ်ကိုကား တည်စေတော်မူလိမ့်မည်။