၂ ရာ 7:26 - မြန်မာ့စံမီသမ္မာကျမ်း26 ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အုပ်စိုးသောဘုရားသခင်ဖြစ်တော်မူ၏’ဟု ဆိုလျက် ကိုယ်တော်၏နာမတော်ကို အစဉ်ချီးမြှောက်ကြပါစေသော။ ကိုယ်တော့်အစေအပါး ဒါဝိဒ်၏မင်းမျိုးမင်းနွယ်သည်လည်း ရှေ့တော်၌ တည်မြဲပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible26 ကိုယ်တော်ရှင်၏နာမတော်သည်အစဉ် အမြဲထင်ပေါ်ကျော်ကြားပါလိမ့်မည်။ လူ တို့က`အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူ၏' ဟုအစဉ်အမြဲပြောဆို ကြပါလိမ့်မည်။ ကိုယ်တော်ရှင်၏အစေခံ ဒါဝိဒ်၏မင်းဆက်ကိုလည်းတည်မြဲစေ တော်မူပါ။- အခန်းကိုကြည့်ပါ။Garrad Bible26 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ဘု ရား သ ခင် ဖြစ် တော် မူ သည် ဟူ၍ နာ မ တော် ကို အ စဉ် အ မြဲ ချီး မြှောက် ကြ ပါ စေ သော၊ ကိုယ် တော့် ကျွန် ဒါ ဝိဒ်၏ အိမ် ထောင် လည်း မျက် မှောက် တော် တွင် တည် မြဲ ပါ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible26 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုးကို အစိုးရသောဘုရားသခင် ဖြစ်တော်မူသည်ဟူ၍ နာမတော်သည် အစဉ်အမြဲ ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏အမျိုးအနွယ်သည် ရှေ့တော်၌တည်ပါစေသော။ အခန်းကိုကြည့်ပါ။ |
ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ရောက်သောအခါ ပရောဖက်ဧလိယသည် ယဇ်ပလ္လင်နားချဉ်းလာ၍ “အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုးတွင်ဘုရားသခင်ဖြစ်ကြောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပြီး ကိုယ်တော်၏အမိန့်တော်ဖြင့် ဤအရာအားလုံးကိုပြုခြင်းဖြစ်ကြောင်း ယနေ့ ဤလူတို့ကို သိစေတော်မူပါ။