ကိုယ်တော်၏ဥပဒေသလမ်းကို အကျွန်ုပ်အား နားလည်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဆင်ခြင်အောက်မေ့ပါမည်။
သုတ္တံကျမ်း။ 12:1 - မြန်မာ့စံမီသမ္မာကျမ်း ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။ Common Language Bible နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။ Garrad Bible ဆုံး မ ခြင်း ကို နှစ် သက် သော သူ သည်၊ အ သိ ပ ညာ ကို နှစ် သက် ၏။ ပဲ့ ပြင် ခြင်း ကို မုန်း ထား သူ မူ ကား၊ ဉာဏ် တုံး ၏။ Judson Bible နည်းဥပဒေကို ခံချင်သောသူသည် ပညာအတတ်ကိုနှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသောသူမူကား၊ တိရစ္ဆာန်သဘောရှိ၏။ |
ကိုယ်တော်၏ဥပဒေသလမ်းကို အကျွန်ုပ်အား နားလည်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဆင်ခြင်အောက်မေ့ပါမည်။
ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုရိုက်ပါစေသော။ ဤသည်ကား မေတ္တာကရုဏာထားရှိခြင်းဖြစ်ပါ၏။ အကျွန်ုပ်ကိုဆုံးမပါစေသော။ ဤသည်ကား ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါ၏။ ထို့အတွက် အကျွန်ုပ်၏ဦးခေါင်းသည် မငြင်းပါ။ အကြောင်းမူကား အကျွန်ုပ်သည် မကောင်းမှုပြုသောသူတို့ကို ဆက်၍ဆန့်ကျင်ဆုတောင်းနေပါမည်။
အသိဉာဏ်မရှိသောမြင်း၊ သို့မဟုတ် လားကဲ့သို့မဖြစ်နှင့်။ ၎င်းတို့ကို ဇက်သွားနှင့်ဇက်ကြိုးတန်ဆာဖြင့် ထိန်းရ၏။ သို့မဟုတ်လျှင် သင့်ထံသို့လာလိမ့်မည်မဟုတ်။
အကြောင်းမူကား သင်သည် ဆုံးမပဲ့ပြင်ခြင်းကိုမုန်း၏။ ငါ၏စကားတို့ကို သင့်နောက်၌သာ ပစ်ထား၏။
ဤအရာသည် အသိတရားမဲ့သောသူမသိနိုင်သကဲ့သို့ မိုက်မဲသောသူနားမလည်နိုင်သည့်အရာဖြစ်၏။
စိတ်နှလုံး၌ပညာရှိသောသူသည် ပညတ်ချက်တို့ကို လက်ခံတတ်၏။ နှုတ်ဖွာသည့် ဆိုးမိုက်သောသူကား ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။
ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သောသူပင် အကျိုးအပြစ်ကိုခံစားရသည်ဆိုလျှင် ဆိုးယုတ်သောသူနှင့် အပြစ်ပြုသောသူမူကား အဘယ်ဆိုဖွယ်ရှိသနည်း။
သူတော်ကောင်းသည် ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရလိမ့်မည်။ ကောက်ကျစ်သောဉာဏ်ရှိသောသူမူကား အပြစ်စီရင်ခြင်းခံရလိမ့်မည်။
လမ်းမှန်ကိုစွန့်ပယ်သောသူအတွက် ပြင်းထန်သောဆုံးမပဲ့ပြင်ခြင်းရှိ၏။ ဆိုဆုံးမစကားကိုမုန်းသောသူသည် သေရလိမ့်မည်။
သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒကိုသာရှာကြံ၍ မှန်ကန်ပြည့်စုံသောဉာဏ်ပညာရှိသမျှကို ဆန့်ကျင်တတ်၏။
ငါ့ကိုချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ရှာသောသူတို့သည် ငါ့ကိုတွေ့ကြလိမ့်မည်။
သို့ဖြစ်၍ သားသမီးတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏လမ်းများကိုစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
နွားသည် မိမိပိုင်ရှင်ကိုသိ၏။ မြည်းသည်လည်း သခင်ကျွေးသောစားခွက်ကိုသိ၏။ သို့သော် အစ္စရေးလူမျိုးသည် မသိ။ ငါ၏လူမျိုးတော်သည် နားမလည်ပါတကား”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည်လည်း ကြည့်ရှုစစ်ဆေး၍ အရေပြားပေါ်၌ ဖြူသောအဖုအပိမ့်ရှိနေလျှင်လည်းကောင်း၊ အမွေးသည် ဖြူသွားလျှင်လည်းကောင်း၊ အဖုအပိမ့်ထဲတွင် အသားစိုနေလျှင်လည်းကောင်း
ပျက်စီးခြင်းသို့ရောက်မည့်သူတို့အတွက် မတရားမှုနှင့်ဆိုင်သောလှည့်ဖြားခြင်းအမျိုးမျိုးတို့ဖြင့်လည်းကောင်း ရောက်ရှိလာမည်။ သူတို့ပျက်စီးခြင်းသို့ရောက်မည့်အကြောင်းမှာ မိမိတို့ကယ်တင်ခြင်းခံရရန်အတွက် သမ္မာတရားအားချစ်ရမည်ကို ငြင်းပယ်ကြသောကြောင့်ဖြစ်၏။