အကျွန်ုပ်သည် ကိုယ်တော်ကို စောင့်မျှော်နေသည်ဖြစ်၍ တည်ကြည်ခြင်းနှင့်ဖြောင့်မှန်ခြင်းသည် အကျွန်ုပ်ကိုကာကွယ်စောင့်ရှောက်ပါစေသော။
သုတ္တံကျမ်း။ 11:3 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မှန်သောသူတို့၏သမာဓိသည် သူတို့ကိုဦးဆောင်လမ်းပြတတ်၏။ သစ္စာမဲ့သောသူတို့၏ကောက်ကျစ်စဉ်းလဲခြင်းမူကား သူတို့ကိုဖျက်ဆီးတတ်၏။ Common Language Bible ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။ Garrad Bible ဖြောင့် မှန် သူ တို့ ၏ ရိုး သား သော စိတ် သည်၊ ကိုယ် ကို လမ်း ပြ လိမ့် မည်။ သ စ္စာ မဲ့ သူ တို့ ၏ စဉ်း လဲ သော စိတ် မူ ကား၊ ကိုယ် ကို ဖျက် ဆီး လိမ့် မည်။ Judson Bible ဖြောင့်သောသဘောသည် ဖြောင့်မတ်သောသူတို့ကို ပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။ |
အကျွန်ုပ်သည် ကိုယ်တော်ကို စောင့်မျှော်နေသည်ဖြစ်၍ တည်ကြည်ခြင်းနှင့်ဖြောင့်မှန်ခြင်းသည် အကျွန်ုပ်ကိုကာကွယ်စောင့်ရှောက်ပါစေသော။
အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍ ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
အပြစ်တင်စရာမရှိသောသူ၏ဖြောင့်မတ်ခြင်းသည် သူ၏လမ်းကိုဖြောင့်တန်းစေတတ်၏။ ဆိုးယုတ်သောသူမူကား မိမိ၏ဆိုးယုတ်မှုကြောင့် ကျဆုံးတတ်၏။
ဖြောင့်မတ်ခြင်းသည် တည်ကြည်သောလမ်းသို့လိုက်သောသူကို ကာကွယ်စောင့်ရှောက်တတ်၏။ ဆိုးယုတ်ခြင်းမူကား အပြစ်သားကို မှားယွင်းချွတ်ချော်စေတတ်၏။
လူသည် မိမိ၏မိုက်မဲမှုကြောင့် မိမိလမ်းခရီးမှားယွင်းချွတ်ချော်သောအခါပင် သူ၏စိတ်နှလုံးတွင် ထာဝရဘုရားကိုစိတ်ဆိုးတတ်၏။
ဆိုးယုတ်သောသူတို့မူကား ပြည်တော်မှ ဖယ်ရှားခြင်းခံရ၍ သစ္စာမဲ့သောသူတို့သည် ထိုပြည်မှနုတ်ပယ်ခြင်းခံရလိမ့်မည်။
ဆိုးယုတ်သောသူတို့သည် တရားသောအမှုကိုမပြုလိုကြသောကြောင့် သူတို့၏အကြမ်းဖက်မှုသည် သူတို့ကိုသုတ်သင်ရှင်းလင်းလိမ့်မည်။
ထာဝရဘုရား၏မျက်စိတော်သည် အသိပညာကို ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။ သစ္စာမဲ့သောသူ၏စကားတို့ကိုကား မှားယွင်းချွတ်ချော်စေတော်မူ၏။
အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။
လွန်ကဲစွာမဆိုးယုတ်နှင့်။ မိုက်မဲသောသူလည်း မဖြစ်နှင့်။ သင်၏အချိန်မရောက်မီ အဘယ်ကြောင့် သေလိုသနည်း။
ဆန့်ကျင်ပုန်ကန်သူနှင့် အပြစ်ကျူးလွန်သူတို့သည် အတူတကွဖျက်ဆီးခြင်းခံရမည်။ ထာဝရဘုရားကို စွန့်ခွာသောသူတို့သည် အပြီးသတ်သုတ်သင်ခြင်းခံရမည်။
ယောက်ျားအားလုံးကိုသတ်သည့်အပြင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘစသော မိဒျန်ဘုရင်ငါးပါးကိုလည်းသတ်၏။ ဗောရ၏သား ဗာလမ်ကိုလည်း ဓားဖြင့်သတ်လေ၏။
မည်သူမဆို ထိုအရှင်၏အလိုတော်ကို ဆောင်ရွက်လိုသောဆန္ဒရှိလျှင် ဤသွန်သင်ချက်သည် ဘုရားသခင်ထံမှလာသလော၊ သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောနေသလောဆိုသည်ကို သိလိမ့်မည်။