ဒေသနာကျမ်း။ 7:17 - မြန်မာ့စံမီသမ္မာကျမ်း17 လွန်ကဲစွာမဆိုးယုတ်နှင့်။ မိုက်မဲသောသူလည်း မဖြစ်နှင့်။ သင်၏အချိန်မရောက်မီ အဘယ်ကြောင့် သေလိုသနည်း။ အခန်းကိုကြည့်ပါ။Common Language Bible17 လွန်ကျူးစွာမဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန် မရောက်မှီ အဘယ်ကြောင့်သေချင်သနည်း။ အခန်းကိုကြည့်ပါ။Garrad Bible17 ဆိုး သွမ်း မှု ကို လွန်၍ မ မိုက် နှင့်။ အ ချိန် မ စေ့ မီ၊ အ ဘယ့် ကြောင့် သေ မည် နည်း။ အခန်းကိုကြည့်ပါ။Judson Bible17 လွန်ကျူးစွာ မဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန်မရောက်မီ အဘယ်ကြောင့် သေချင်သနည်း။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဤနေရာတွင် ယုဒအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သေးငယ်သောအမှုဟု သင်ထင်သလော။ စင်စစ် သူတို့သည် ငါ့အမျက်ကို တစ်ချိန်လုံးဆွပေးပြီး တစ်ပြည်လုံးကို ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်စေကြပြီ။ သစ်ကိုင်းကို သူတို့နှာခေါင်းထဲသို့ ထိုးသွင်းကြပြီ။
ထို့နောက် အိမ်သူအိမ်သားတို့ကို ကောင်းချီးပေးရန် ဒါဝိဒ်မင်းကြီး ပြန်လာသောအခါ ရှောလု၏သမီး မိခါလသည် ထွက်လာ၍ ဒါဝိဒ်မင်းကြီးကို ကြိုဆိုပြီး “ယနေ့တွင် အစ္စရေးဘုရင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမများရှေ့၌ စိတ်လွတ်ကိုယ်လွတ်ကခုန်နေသည်မှာ ကျက်သရေရှိလှပါသည်တကား။ လူမိုက်တစ်ယောက် စိတ်လွတ်ကိုယ်လွတ်ပြုမူသကဲ့သို့ပါတကား”ဟု ဆို၏။