ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး
သုတ္တံကျမ်း။ 1:9 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထိုအရာတို့သည် သင်၏ဦးခေါင်းအတွက် တင့်တယ်သောပန်းဦးရစ်၊ သင်၏လည်ပင်းအတွက် လည်ဆွဲဖြစ်ကြလိမ့်မည်။ Common Language Bible ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။ Garrad Bible ထို တ ရား များ သည် သင်၌ တင့် တယ် သော ဦး ရစ်၊ လည် ဆွဲ တန် ဆာ များ ဖြစ် လိမ့် မည်။ Judson Bible ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သောဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သောလည်ဆွဲ ဖြစ်ကြလိမ့်မည်။ |
ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး
ထို့ကြောင့် မာန်မာနသည် သူတို့၏လည်ဆွဲဖြစ်၏။ ရက်စက်ကြမ်းကြုတ်မှုအဝတ်သည် သူတို့ကိုလွှမ်းခြုံထား၏။
သို့ပြုလျှင် ၎င်းတို့သည် သင်၏စိတ်ဝိညာဉ်အတွက် အသက်ဖြစ်ပြီး သင်၏လည်ပင်းအတွက် တင့်တယ်သောတန်ဆာဖြစ်လိမ့်မည်။
မေတ္တာကရုဏာနှင့်သမ္မာတရားကို သင့်ထံမှစွန့်ခွာမသွားစေနှင့်။ ၎င်းတို့ကို သင်၏လည်ပင်း၌ဆွဲထား၍ သင့်နှလုံးသားပြင်၌ ရေးထားလော့။
၎င်းသည် တင့်တယ်သောပန်းဦးရစ်ကို သင်၏ခေါင်းပေါ်၌တင်ပေး၍ ဂုဏ်ကျက်သရေရှိသောသရဖူကို သင့်အား အပ်နှင်းလိမ့်မည်။”
ခြယ်သထားသောသင့်ပါးတို့သည် တင့်တယ်လှပေ၏။ သင့်လည်တိုင်သည်လည်း လည်ဆွဲရတနာတို့ဖြင့် တင့်တယ်လှပေ၏။”
အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်သည် ငါ့နှလုံးသားကို အပိုင်သိမ်းလေပြီ။ သင်၏အကြည့်တစ်ချက်၊ ကျောက်မျက်လည်ဆွဲတစ်ကုံးဖြင့် ငါ့နှလုံးသားကို အပိုင်သိမ်းလေပြီ။
အကျွန်ုပ်တို့ဘိုးဘေး ရေခပ်၏သားယောနဒပ် မှာထားသမျှစကားတို့ကို အကျွန်ုပ်တို့နာခံပါ၏။ အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏မယား၊ သားသမီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး စပျစ်ဝိုင်ကို မသောက်ကြပါ။
သင့်ကို လက်ဝတ်ရတနာများ ဆင်ယင်ပေး၏။ သင့်လက်၌ လက်ကောက်ဝတ်ပေး၏။ သင့်လည်ပင်း၌ ဆွဲကြိုးဆွဲပေး၏။
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။
ထိုအခါ ဗေလရှာဇာမင်းကြီးအမိန့်ပေးသဖြင့် ဒံယေလအား ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ပေး၍ လည်တွင် ရွှေစလွယ်ဆင်ပေးပြီး တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကိုအုပ်ချုပ်ခွင့်ရှိသူဖြစ်ကြောင်း ကြေညာကြလေ၏။
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။