ထိုအခါ ထာဝရဘုရားက “ငါ၏ဝိညာဉ်သည် လူတွင်ထာဝရတည်မည်မဟုတ်။ အကြောင်းမူကား လူသည် အသွေးအသားခန္ဓာသာဖြစ်သောကြောင့် လူ၏သက်တမ်းသည် အနှစ်တစ်ရာ့နှစ်ဆယ်ဖြစ်စေ”ဟု မိန့်တော်မူ၏။
သုတ္တံကျမ်း။ 1:28 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ငါ့ကိုခေါ်ကြလိမ့်မည်။ သို့သော် ငါသည် ထူးမည်မဟုတ်။ သူတို့သည် ငါ့ကိုကြိုးစား၍ရှာကြလိမ့်မည်။ သို့သော် ငါ့ကိုတွေ့ရကြမည်မဟုတ်။ Common Language Bible ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။ Garrad Bible ၎င်း တို့ ခေါ် သော် လည်း၊ ငါ ထူး မည် မ ဟုတ်။ စိတ် ဇော နှင့် ရှာ ဖွေ သော် လည်း၊ ငါ့ ကို တွေ့ ရ ကြ မည် မ ဟုတ်။ Judson Bible ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော်လည်း ငါမထူး။ ငါ့ကိုကြိုးစား၍ ရှာသော်လည်း မတွေ့ရကြ။ |
ထိုအခါ ထာဝရဘုရားက “ငါ၏ဝိညာဉ်သည် လူတွင်ထာဝရတည်မည်မဟုတ်။ အကြောင်းမူကား လူသည် အသွေးအသားခန္ဓာသာဖြစ်သောကြောင့် လူ၏သက်တမ်းသည် အနှစ်တစ်ရာ့နှစ်ဆယ်ဖြစ်စေ”ဟု မိန့်တော်မူ၏။
သူသည် ဆင်းရဲဒုက္ခရောက်၍ အော်ဟစ်ငိုကြွေးသောအခါ ဘုရားသခင် နားညောင်းတော်မူမည်လော။
မာနထောင်လွှား၍ဆိုးညစ်ကြသောကြောင့် သူတို့အော်ဟစ်သော်လည်း ကိုယ်တော်နားညောင်းတော်မူမည်မဟုတ်။
သူတို့အော်ဟစ်သော်လည်း ကယ်တင်မည့်သူမရှိပါ။ ထာဝရဘုရားထံ အကူအညီအော်ဟစ်တောင်းခံကြသော်လည်း သူတို့ကို ထူးတော်မမူပါ။
ထိုအခါ အကျွန်ုပ်သည် သူတို့ကို လေထဲလွင့်ပါသောမြေမှုန့်ကဲ့သို့ ညက်ညက်ချေ၍ လမ်းပေါ်မှရွှံ့ကဲ့သို့ သူတို့ကိုသွန်ပစ်ပါ၏။
ငါ၏စိတ်နှလုံးထဲ၌ အပြစ်ဒုစရိုက်ကို ငါထွေးပိုက်ထားခဲ့လျှင် ဘုရားရှင်သည် နားညောင်းတော်မူလိမ့်မည်မဟုတ်။
ထာဝရဘုရားသည် ဆိုးယုတ်သောသူတို့နှင့် ဝေးကွာတော်မူ၏။ ဖြောင့်မတ်သောသူတို့၏ဆုတောင်းချက်ကိုကား နားညောင်းတော်မူ၏။
ငါ့ကိုချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ရှာသောသူတို့သည် ငါ့ကိုတွေ့ကြလိမ့်မည်။
အကျွန်ုပ်ချစ်သူကို တံခါးဖွင့်ပေးသော်လည်း ချစ်သူမှာ ထွက်သွားနှင့်လေပြီ။ သူစကားပြောသောအခါ အကျွန်ုပ်ရင်ခုန်လွန်းလှပါ၏။ သူ့ကိုရှာသော်လည်း မတွေ့ပါ။ ခေါ်သော်လည်း မထူးပါ။
သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ သူတို့ပြေး၍မလွတ်နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ် ငါကျရောက်စေမည်။ ငါ့ကိုဟစ်အော်သော်လည်း ငါနားထောင်မည်မဟုတ်။
သူတို့အစာရှောင်အော်ဟစ်လျှင်လည်း ငါနားညောင်းမည်မဟုတ်။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်လည်း ငါလက်ခံမည်မဟုတ်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သူတို့ကို ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့ကို အမျက်ဒေါသဖြင့် စီရင်မည်။ သနားညှာတာမည်မဟုတ်။ ငါ့ထံ သူတို့အသံကုန်အော်ဟစ်တောင်းလျှောက်လျှင်လည်း ငါနားထောင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
ထာဝရဘုရားသည် သူတို့ကို စွန့်ခွာတော်မူပြီဖြစ်၍ သိုးအုပ်၊ နွားအုပ်တို့ဖြင့် ထာဝရဘုရားကို သွား၍ရှာဖွေကြသော်လည်း သူတို့ တွေ့ကြရမည်မဟုတ်။
လူတို့သည် ထာဝရဘုရား၏နှုတ်ထွက်စကားကို ပင်လယ်တစ်ခုမှ ပင်လယ်တစ်ခုသို့၊ မြောက်အရပ်မှ အရှေ့အရပ်သို့ လှည့်လည်သွားလာ၍ ရှာဖွေသော်လည်း တွေ့မည်မဟုတ်။
ထိုသူတို့သည် ထာဝရဘုရားထံအော်ဟစ်ဆုတောင်းသော်လည်း ကိုယ်တော်သည် သူတို့ကို ထူးတော်မူမည်မဟုတ်။ သူတို့သည် ဆိုးညစ်သောအမှုကို ပြုကြသောကြောင့် ထိုကာလတွင် ကိုယ်တော်သည် သူတို့ထံမှ မျက်နှာလွှဲတော်မူမည်။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါခေါ်သောအခါ သူတို့မထူးသကဲ့သို့ သူတို့ခေါ်သောအခါ၌လည်း ငါမထူး’ဟု မိန့်တော်မူ၏။
သင်တို့သည် ပြန်လာ၍ ထာဝရဘုရားရှေ့မှောက်၌ ငိုကြွေးကြသော်လည်း ထာဝရဘုရားသည် သင်တို့၏အသံကိုနားညောင်းတော်မမူ။ သင်တို့ကို ဂရုစိုက်တော်မမူ။
တောင်းလျှောက်သော်လည်း မရကြသည်မှာ သင်တို့၏ကာမဂုဏ်ခံစားမှုအတွက်သုံးစွဲရန် လွဲမှားစွာ တောင်းလျှောက်ကြသောကြောင့်ဖြစ်၏။
သင်တို့ရွေးချယ်လိုက်သောရှင်ဘုရင်ကြောင့် ထိုနေ့၌ သင်တို့အော်ဟစ်ရလိမ့်မည်။ သို့သော် ထိုနေ့၌ ထာဝရဘုရားသည် သင်တို့ကို လှည့်ကြည့်တော်မူမည်မဟုတ်”ဟု ဆိုလေ၏။