အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 8:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူထု​အပေါင်း​တို့​ကို​လည်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ စုရုံး​စေ​လော့​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို့​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ကို ထို​နေ​ရာ​၌​စု​ရုံး​စေ​လော့'' ဟု​မိန့်​တော်​မူ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး ပ ရိ သတ် ဥဿုံ ကို စု ရုံး လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​ရှေ့​သို့ ပ​ရိ​သတ်​အ​ပေါင်း​ကို စည်​ဝေး​စေ​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 8:3
16 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် ဒါဝိဒ်​မင်းကြီး​သည် ကိရယတ်ယာရိမ်​မြို့​ရှိ ဘုရားသခင်​၏​သေတ္တာ​တော်​ကို ပြန်လည်​သယ်ဆောင်​လာ​ရန် အီဂျစ်​ပြည်​၊ ရှိဟောရ​အရပ်​မှ လီဘိုဟာမတ်​အရပ်​တိုင်အောင် အစ္စရေး​လူမျိုး​အားလုံး​ကို စုဝေး​စေ​၏​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သူ​ပြင်ဆင်​ထား​သော​နေရာ​သို့ ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ယူဆောင်​လာ​ရန် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ဂျေရုဆလင်​မြို့​သို့ စုဝေး​စေ​၏​။


ဤသို့ဖြင့် ဒုတိယ​လ​တွင် တဆေးမဲ့မုန့်​ပွဲတော်​ကို​ကျင်းပ​ရန် ဂျေရုဆလင်​မြို့​သို့ လူ​အမြောက်အမြား​စုဝေး​လာ​ကြ​၍ ဧရာမ​လူအုပ်ကြီး​ဖြစ်​လေ​၏​။


ရှင်ဘုရင်​နှင့်တကွ မှူးမတ်​များ​နှင့် ဂျေရုဆလင်​မြို့​ရှိ​လူထု​အပေါင်း​တို့​သည် ဒုတိယ​လ​တွင် ပသခါပွဲ​ကို ကျင်းပ​ရန် ဆုံးဖြတ်​ကြ​၏​။


ယုဒ​လူထု​အပေါင်း​တို့​နှင့်တကွ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ အစ္စရေး​ပြည်​မှ​လာ​သော​လူထု​အားလုံး​၊ အစ္စရေး​ပြည်​မှ​လာ​သော​တိုင်းတစ်ပါးသား​များ​နှင့် ယုဒ​ပြည်​တွင်​နေထိုင်​သော​တိုင်းတစ်ပါးသား​များ​တို့​သည် ဝမ်းမြောက်ပျော်ရွှင်​လျက် ရှိ​ကြ​၏​။


ထို့နောက်တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ဒါဝိဒ်​မြို့ ခေါ်​ဇိအုန်​မြို့​သို့ ယူဆောင်​လာ​ရန် ရှောလမုန်​မင်းကြီး​သည် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​များ​ဖြစ်​သော အမျိုးအနွယ်​တို့​၏​အကြီးအမှူး​အပေါင်း​တို့​အား ဂျေရုဆလင်​မြို့​သို့ လာရောက်​စုရုံး​စေ​၏​။


ရှောလမုန်​မင်းကြီး​နှင့် သူ့​ထံသို့​စုဝေး​ရောက်ရှိ​လာ​သော​အစ္စရေး​လူထု​အပေါင်း​တို့​သည် သေတ္တာ​တော်​ရှေ့​တွင် မ​ရေ​မ​တွက်​နိုင်​အောင်​များပြား​လှ​သော သိုး​နွား​တို့​ကို ပူဇော်​ကြ​၏​။


လူ​အပေါင်း​တို့​သည် ရေ​တံခါး​ရှေ့​ရှိ​ကွင်းပြင်​တွင် တစ်စိတ်တစ်သဘောတည်း​စုရုံး​လာ​ကြ​ပြီး မောရှေ​အားဖြင့် အစ္စရေး​လူမျိုး​တို့​အား ထာဝရဘုရား မိန့်မှာ​တော်မူ​သော ပညတ်တရား​ကျမ်း​ကို ယူဆောင်​ခဲ့​ရန် ကျမ်းပြုဆရာ​ဧဇရ​အား တောင်းဆို​ကြ​၏​။


လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​၏​ချီးမွမ်း​ခြင်း​အကြောင်း​သည် ကိုယ်တော့်​ထံ​မှ​လာ​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ရှေ့​၌ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို​ပြည့်စုံ​စေ​ပါ​မည်​။


စင်ကြယ်​သည်​ဟု​ကြေညာ​ပေး​မည့်​ယဇ်ပုရောဟိတ်​သည် ထို​အရာ​တို့​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​နှင့်အတူ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​၌ ထား​ရ​မည်​။


“​အာရုန်​နှင့်​သူ​၏​သား​များ​၊ အဝတ်တန်ဆာ​များ​၊ ဘိသိက်​ဆီ​၊ အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​တစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တဆေးမဲ့မုန့်​တောင်း​ကို ယူဆောင်​လာ​ပြီး


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း​ပြု​၏​။ လူထု​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ စုရုံး​လာ​စေ​၏​။


“​တောင်ဝှေး​ကို ယူ​လော့​။ သင်​နှင့်​သင်​၏​အစ်ကို​အာရုန်​သည် အစ္စရေး​လူထု​ကို​စုရုံး​၍ သူ​တို့​ရှေ့​၌ ကျောက်တုံး​ကို အမိန့်ပေး​လော့​။ ထို​ကျောက်တုံး​မှ ရေ​ထွက်လာ​မည်​။ ဤသို့ဖြင့် သင်​သည် ထို​ကျောက်တုံး​မှ​ရေ​ထွက်လာ​စေ​ပြီး အစ္စရေး​လူထု​နှင့်​သူ​တို့​၏​တိရစ္ဆာန်​တို့​သောက်စရာ​ရေ​ကို ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် သူ​တို့​သည် ထို​နေရာ​မှ ဗေရ​ရေတွင်း​ရှိ​ရာ​အရပ်​သို့ ခရီးပြု​ကြ​၏​။ ထို​ရေတွင်း​ကား ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ကို​စုဝေး​စေ​လော့​။ သူ​တို့​အား ငါ​ရေ​ပေး​မည်​”​ဟု မိန့်​တော်မူ​သော​ရေတွင်း​ဖြစ်​၏​။


တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​သို့ လေဝိ​အမျိုး​တို့​ကို​ခေါ်ဆောင်​လာ​၍ အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ကို​လည်း စုရုံး​စေ​ရ​မည်​။


ပင်တေကုတ္တေ​ပွဲ​နေ့​ရောက်​သောအခါ ထို​သူ​အပေါင်း​တို့​သည် တစ်နေရာတည်း​၌ စုဝေး​နေ​ကြ​၏။