နေဟမိ 8:1 - မြန်မာ့စံမီသမ္မာကျမ်း1 လူအပေါင်းတို့သည် ရေတံခါးရှေ့ရှိကွင်းပြင်တွင် တစ်စိတ်တစ်သဘောတည်းစုရုံးလာကြပြီး မောရှေအားဖြင့် အစ္စရေးလူမျိုးတို့အား ထာဝရဘုရား မိန့်မှာတော်မူသော ပညတ်တရားကျမ်းကို ယူဆောင်ခဲ့ရန် ကျမ်းပြုဆရာဧဇရအား တောင်းဆိုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 သတ္တမလရောက်ချိန်၌ဣသရေလအမျိုး သားတို့သည် မိမိတို့မြို့ရွာများတွင်အတည် တကျနေထိုင်လျက်ရှိကြ၏။ ထိုလပထမ ရက်နေ့၌သူတို့သည်ယေရုရှလင်မြို့ရေ တံခါးအတွင်းကွက်လပ်တွင်စုဝေးကြ၏။ သူတို့သည်ဣသရေလအမျိုးသားတို့အား မောရှေမှတစ်ဆင့် ထာဝရဘုရားပေးအပ် တော်မူခဲ့သောပညတ်တရားတော်ကို ကျွမ်းကျင်သူ ယဇ်ပုရောဟိတ်ဧဇရအား ပညတ်ကျမ်းကိုဆောင်ခဲ့ရန်တောင်းပန် ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ရေ တံ ခါး ရှေ့ ကျယ် ဝန်း သော အ ရပ် သို့ တစ် ဦး တည်း ကဲ့ သို့ လာ ရောက် စု ရုံး လျက်၊ ဣ သ ရေ လ လူ မျိုး အား ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော၊ မော ရှေ၏ ပ ည တ္တိ ကျမ်း ကို ထုတ် ယူ ပါ မည့် အ ကြောင်း၊ ကျမ်း တတ် ဆ ရာ ဧ ဇ ရ ကို တောင်း ပန် ကြ သည် နှင့် အ ညီ၊ အခန်းကိုကြည့်ပါ။Judson Bible1 သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလအမျိုးသား လူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်းစာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာဧဇရကို တောင်းသည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှိများနှင့် ကျမ်းပြုဆရာများကို သင်တို့ထံသို့စေလွှတ်မည်။ ထိုအခါ သင်တို့သည် သူတို့ထဲမှ အချို့တို့ကိုသတ်၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြလိမ့်မည်။ အချို့တို့ကို သင်တို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ ဒဏ်ခတ်ရိုက်နှက်ပြီး တစ်မြို့မှတစ်မြို့သို့ လိုက်လံညှဉ်းဆဲကြလိမ့်မည်။
ထိုအခါ ယုဒအမျိုးသားအားလုံးနှင့် ဂျေရုဆလင်မြို့သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးသားများမှစ၍ ပြည်သူပြည်သား လူကြီးလူငယ်တစ်ယောက်မကျန် ရှင်ဘုရင်နှင့်အတူ ထာဝရဘုရား၏အိမ်တော်သို့ သွားကြ၏။ ရှင်ဘုရင်သည် ထာဝရဘုရားအိမ်တော်တွင် တွေ့ရှိသောပဋိညာဉ်ကျမ်းစကားအလုံးစုံကို သူတို့ကြားသိအောင် ဖတ်ပြလေ၏။
ထိုအခါ ယုဒအမျိုးသားအားလုံးနှင့် ဂျေရုဆလင်မြို့သားအားလုံး၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များမှစ၍ ပြည်သူပြည်သားလူကြီးလူငယ်တစ်ယောက်မကျန် ရှင်ဘုရင်နှင့်အတူ ထာဝရဘုရား၏အိမ်တော်သို့ သွားကြ၏။ ရှင်ဘုရင်သည် ထာဝရဘုရားအိမ်တော်တွင် တွေ့ခဲ့သောပဋိညာဉ်ကျမ်းစကားအလုံးစုံကို သူတို့ကြားသိအောင် ဖတ်ပြလေ၏။