ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် အစ္စရေးအမျိုးသားတို့ထဲမှ သင့်အစ်ကိုအာရုန်နှင့်သူ့သားများဖြစ်သော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ကို သင့်ထံသို့လာစေလော့။
ဝတ်ပြု 8:2 - မြန်မာ့စံမီသမ္မာကျမ်း “အာရုန်နှင့်သူ၏သားများ၊ အဝတ်တန်ဆာများ၊ ဘိသိက်ဆီ၊ အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တောင်းကို ယူဆောင်လာပြီး Common Language Bible ``အာရုန်နှင့်သူ၏သားတို့ကိုငါစံတော်မူရာ တဲတော်တံခါးဝသို့ခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်ဝတ်စုံများ၊ သိက္ခာတင်ဆီ၊ အပြစ်ဖြေ ရာယဇ်အတွက်နွားပျိုတစ်ကောင်၊ သိုးထီးနှစ် ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူခဲ့လော့။- Garrad Bible အာ ရုန် နှင့် သား တို့ မှ စ၍ သင်္ကန်း စုံ၊ ဘိ သိက် ဆီ၊ အ ပြစ် ဖြေ ရာ သ က္ကာ နွား၊ သိုး ထီး နှစ် ကောင်၊ တ ဆေး မဲ့ မုန့် ပါ သော တောင်း များ ကို ယူ ဆောင် ပြီး လျှင်၊ Judson Bible သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရာယဇ်ဖို့နွားထီး၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူ၍၊ |
ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် အစ္စရေးအမျိုးသားတို့ထဲမှ သင့်အစ်ကိုအာရုန်နှင့်သူ့သားများဖြစ်သော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ကို သင့်ထံသို့လာစေလော့။
အာရုန်၏သားများ ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူတို့အတွက် အတွင်းသင်တိုင်းများ၊ ခါးစည်းများ၊ ခေါင်းပေါင်းများကို ချုပ်လုပ်ပေးရမည်။
သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်း မောရှေထံသို့ ယူဆောင်လာကြ၏။
ယဇ်ပုရောဟိတ်သည် ကိုယ်ပေါ်၌ ပိတ်ချောအင်္ကျီနှင့် ပိတ်ချောဘောင်းဘီကိုဝတ်၍ ယဇ်ပလ္လင်ပေါ်ရှိ မီးလောင်ကျွမ်းထားသည့်မီးရှို့ရာယဇ်၏ပြာပုံကို ထုတ်ယူပြီး ယဇ်ပလ္လင်၏ဘေး၌ ပုံထားရမည်။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဘိသိက်ဆီကိုယူပြီး ကိန်းဝပ်တော်မူရာတဲတော်နှင့် အထဲရှိအရာအားလုံးကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မီးရှို့ရာယဇ်ဖြစ်သောသိုးထီးကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း နောက်သိုးထီးတစ်ကောင်ဖြစ်သည့် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးကို ယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။
လူထုအပေါင်းတို့ကိုလည်း တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေလော့”ဟု မိန့်တော်မူ၏။
အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။