ဝတ်ပြု 8:3 - မြန်မာ့စံမီသမ္မာကျမ်း3 လူထုအပေါင်းတို့ကိုလည်း တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေလော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ထို့နောက်ဣသရေလအမျိုးသားအားလုံးကို ထိုနေရာ၌စုရုံးစေလော့'' ဟုမိန့်တော်မူသည်။ အခန်းကိုကြည့်ပါ။Garrad Bible3 တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး ပ ရိ သတ် ဥဿုံ ကို စု ရုံး လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible3 ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။
“တောင်ဝှေးကို ယူလော့။ သင်နှင့်သင်၏အစ်ကိုအာရုန်သည် အစ္စရေးလူထုကိုစုရုံး၍ သူတို့ရှေ့၌ ကျောက်တုံးကို အမိန့်ပေးလော့။ ထိုကျောက်တုံးမှ ရေထွက်လာမည်။ ဤသို့ဖြင့် သင်သည် ထိုကျောက်တုံးမှရေထွက်လာစေပြီး အစ္စရေးလူထုနှင့်သူတို့၏တိရစ္ဆာန်တို့သောက်စရာရေကို ပေးရမည်”ဟု မိန့်တော်မူ၏။