နွားထီး၏အသား၊ အရေခွံ၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
ဝတ်ပြု 8:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုနွားနှင့်အတူ အရေခွံ၊ အသား၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်၏။ Common Language Bible သူသည်နွားသားရေအသားနှင့်အူများ အပါအဝင်ကျန်သောအပိုင်းတို့ကို ထာ ဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စခန်းအပြင်ဘက်၌မီးရှို့လေသည်။ Garrad Bible အ သား၊ အ ရေ၊ အူ နု များ နှင့် အ ကောင် ကို တပ် စား ခန်း ပြင် ကျွမ်း လောင် စေ ခြင်း များ ကို ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ပြု လေ ၏။ Judson Bible အရေ၊ အသား၊ ချေးနုနှင့်တကွ နွားကောင်ကို၊ တပ်ပြင်မှာရှို့ရ၏။ |
နွားထီး၏အသား၊ အရေခွံ၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို သန့်ရှင်းရာဌာနအပြင်ဘက် အိမ်တော်၏သတ်မှတ်ထားသောနေရာတွင် မီးရှို့ရမည်။
သန့်ရှင်းရာဌာနထဲ၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် အသွေးယူဆောင်သွားခြင်းခံရသည့် အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးနှင့် အပြစ်ဖြေရာယဇ်ဖြစ်သောဆိတ်သငယ်ကို တပ်စခန်း၏အပြင်ဘက်သို့ ယူဆောင်သွား၍ ၎င်းတို့၏အရေခွံ၊ အသား၊ မစင်တို့ကို မီးရှို့ပစ်ရမည်။
ထိုနွားထီးကို တပ်စခန်း၏အပြင်ဘက်သို့ ယူသွား၍ ပထမနွားထီးကိုရှို့သည့်အတိုင်း ရှို့ရမည်။ ဤသည်ကား လူအစုအဝေးအတွက်အပြစ်ဖြေရာယဇ်ဖြစ်၏။
မည်သည့်အပြစ်ဖြေရာယဇ်ကောင်မဆို ၎င်း၏သွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းပြုရန် တွေ့ဆုံစည်းဝေးရာတဲတော်တွင်းသို့ ယူဆောင်လာလျှင် ထိုယဇ်ကောင်၏အသားကို မစားရ။ မီးရှို့ပစ်ရမည်။
ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။