အာရုန်နှင့်သူ၏သားတို့အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအတွက်ပေးလှူပူဇော်သောသိုးထီးမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သော ရင်ပုံ၊ ချီလွှဲရာအလှူပစ္စည်းဖြစ်သော ပေါင်ကို သန့်ရှင်းစေရမည်။
ဝတ်ပြု 7:32 - မြန်မာ့စံမီသမ္မာကျမ်း မိတ်သဟာယယဇ်ကောင်၏ယာဘက်ပေါင်ကို အလှူပစ္စည်းအဖြစ် ယဇ်ပုရောဟိတ်အား ပေးရမည်။ Common Language Bible မိတ်သဟာယယဇ်ကောင်၏သွေးနှင့်အဆီ ကို ပူဇော်သောယဇ်ပုရောဟိတ်အား ယဇ်ကောင် ၏လက်ယာပေါင်ကိုအထူးလှူဖွယ်အဖြစ် ပေးရမည်။- Garrad Bible မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ အ နက် မြှောက် ဆက် ရာ အ လှူ အ ဖြစ် လက်ျာ ပေါင် ကို လည်း ပ ရော ဖက် အား လှူ ကြ ရ မည်။ Judson Bible မိတ်သဟာယယဇ်ထဲက လက်ယာပခုံးကို ချီမြှောက်သောပူဇော်သကာဖို့ ယဇ်ပုရောဟိတ်အားပေးရမည်။ |
အာရုန်နှင့်သူ၏သားတို့အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအတွက်ပေးလှူပူဇော်သောသိုးထီးမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သော ရင်ပုံ၊ ချီလွှဲရာအလှူပစ္စည်းဖြစ်သော ပေါင်ကို သန့်ရှင်းစေရမည်။
ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ အလှူပစ္စည်းဖြစ်သောပေါင်တို့ကို သင်နှင့် သင့်သားသမီးတို့သည် သန့်ရှင်းသောနေရာ၌ စားကြရမည်။ အကြောင်းမူကား ၎င်းတို့ကို အစ္စရေးအမျိုးသား၏မိတ်သဟာယယဇ်ထဲမှ သင်ရရှိရမည့်ဝေစု၊ သင့်သားသမီးတို့ရရှိရမည့်ဝေစုအဖြစ် ပေးထားတော်မူပြီ။
ထိုယာဘက်ပေါင်သည် မိတ်သဟာယယဇ်ကောင်၏သွေးနှင့်အဆီကိုပူဇော်ပေးသော အာရုန်၏သားအတွက် ဝေစုဖြစ်၏။
အကြောင်းမူကား အစ္စရေးအမျိုးသားတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် ငါသည် မိတ်သဟာယယဇ်များထဲမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံနှင့် အလှူပစ္စည်းဖြစ်သောယာဘက်ပေါင်ကို အစ္စရေးအမျိုးသားတို့ထံမှယူ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားတို့အား ပေးပြီ”ဟု မိန့်တော်မူ၏။
မောရှေမှာကြားသည့်အတိုင်း အာရုန်သည် ရင်ပုံနှင့်ယာဘက်ပေါင်တို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲလေ၏။
ယဇ်ပုရောဟိတ်ထံသို့ အစ္စရေးအမျိုးသားတို့ယူဆောင်လာသည့် သန့်ရှင်းသောပူဇော်သက္ကာဖြစ်သည့် အလှူပစ္စည်းအားလုံးတို့သည် ယဇ်ပုရောဟိတ်အတွက်ဖြစ်ရမည်။
ယဇ်ပုရောဟိတ်သည် ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ ၎င်းတို့နှင့် ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ အလှူပစ္စည်းဖြစ်သောပေါင်တို့သည် ယဇ်ပုရောဟိတ်အဖို့ သန့်ရှင်း၏။ ထို့နောက်မှ နာဇရိလူသည် စပျစ်ဝိုင်ကိုသောက်ခွင့်ရှိ၏။
နွားကိုဖြစ်စေ၊ သိုးကိုဖြစ်စေ ယဇ်ပူဇော်သောသူတို့သည် ပခုံး၊ မေးရိုး၊ ဝမ်းဗိုက် စသည်တို့ကို ယဇ်ပုရောဟိတ်အားပေးရမည်။ ဤသည်ကား လူတို့ထံမှ ယဇ်ပုရောဟိတ်တို့ရရှိသောဝေစုဖြစ်၏။
စားတော်ကဲသည် ပေါင်သားကိုယူလာ၍ ရှောလုရှေ့တွင် ချထား၏။ ရှမွေလက “သင့်ရှေ့၌ချထားသောအသားကို စားပါ။ ဤအသားသည် ဖိတ်ခေါ်ထားသောသူတို့နှင့်အတူ သတ်မှတ်ထားသောအချိန်တွင်စားဖို့ သင့်အတွက် ဖယ်ထားပေးသောအသားဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ထိုနေ့တွင် ရှောလုသည် ရှမွေလနှင့်အတူ စားသောက်လေ၏။