ဆင့်ထားသောရှေ့တော်မုန့်၊ ဘောဇဉ်ပူဇော်သက္ကာဖို့ အကောင်းဆုံးဂျုံမှုန့်၊ တဆေးမဲ့မုန့်ကြွပ်၊ ဒယ်ပြားနှင့်လုပ်သောမုန့်၊ ဆီနှင့်ကြော်သောမုန့် စသည်တို့နှင့် ချိန်ခွက်အရွယ်အစား အမျိုးမျိုးတို့ကို တာဝန်ယူလုပ်ဆောင်ရ၏။
ဝတ်ပြု 6:20 - မြန်မာ့စံမီသမ္မာကျမ်း “အာရုန်နှင့်သူ၏သားတို့သည် ဘိသိက်ခံသောနေ့၌ ထာဝရဘုရားအားပူဇော်ရမည့် ပူဇော်သက္ကာမှာ ဤသို့ဖြစ်၏။ အကောင်းဆုံးဂျုံမှုန့် တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို နေ့စဉ်ပူဇော်ရသောဘောဇဉ်ပူဇော်သက္ကာအဖြစ် နံနက်အချိန်၌တစ်ဝက်၊ နေဝင်ချိန်၌တစ်ဝက် ပူဇော်ရမည်။ Judson Bible အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သကာဖြစ်စေခြင်းငှာ၊ မုန့်ညက်တစ်ဩမဲကို၊ နံနက်တစ်ဝက်၊ ညတစ်ဝက် ထာဝရဘုရားအားပူဇော်ရမည်။ |
ဆင့်ထားသောရှေ့တော်မုန့်၊ ဘောဇဉ်ပူဇော်သက္ကာဖို့ အကောင်းဆုံးဂျုံမှုန့်၊ တဆေးမဲ့မုန့်ကြွပ်၊ ဒယ်ပြားနှင့်လုပ်သောမုန့်၊ ဆီနှင့်ကြော်သောမုန့် စသည်တို့နှင့် ချိန်ခွက်အရွယ်အစား အမျိုးမျိုးတို့ကို တာဝန်ယူလုပ်ဆောင်ရ၏။
တဆေးမဲ့မုန့်၊ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်တို့ကို အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်ပြီးလျှင်
ထိုယဇ်နှင့်အတူ ပူဇော်သောဘောဇဉ်ပူဇော်သက္ကာသည် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံဖြစ်ရမည်။ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။ ထိုယဇ်နှင့်အတူ ပူဇော်သောသွန်းလောင်းရာပူဇော်သက္ကာသည်လည်း စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံဖြစ်ရမည်။
တစ်စုံတစ်ယောက်သည် ကျိန်ဆိုသံကိုကြားသော်လည်း မိမိမြင်သောအရာ၊ သိသောအရာကို သက်သေအဖြစ် ထုတ်ဖော်ပြောဆိုခြင်းမပြုလျှင် အပြစ်ပြုရာရောက်၍ သူသည် အပြစ်ဒဏ်ခံရမည်။
သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။
ထို့နောက် သူသည် မိမိဝတ်ထားသောအဝတ်ကိုချွတ်၍ အခြားအဝတ်ကိုဝတ်ပြီးလျှင် ပြာပုံကို တပ်စခန်းအပြင်ဘက်၊ သန့်ရှင်းသောနေရာသို့ ယူဆောင်သွားရမည်။
ဤသည်ကား ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် သွန်းလောင်းရာပူဇော်သက္ကာအပြင် ဥပုသ်နေ့တိုင်းပူဇော်သော မီးရှို့ရာယဇ်ဖြစ်၏။
တစ်ဖန် သူတို့အား ‘ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကား အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်နှစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် နေ့စဉ်မပြတ်ပူဇော်ရမည်။
ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာသည် မီးထွန်းရန်အတွက်ဆီ၊ အမွှေးနံ့သာပေါင်း၊ နေ့စဉ်ပူဇော်ရသောဘောဇဉ်ပူဇော်သက္ကာနှင့် ဘိသိက်ဆီတို့ကို ကြည့်ရှုထိန်းသိမ်းရမည်။ ထို့ပြင် ကိန်းဝပ်တော်မူရာတဲတော်တစ်ခုလုံး၊ ထိုတဲတော်ထဲရှိ သန့်ရှင်းသောအရာနှင့်တန်ဆာပလာရှိသမျှတို့ကို ကြည့်ရှုထိန်းသိမ်းရမည်”ဟု မိန့်တော်မူ၏။
လူတို့အထဲမှ ရွေးကောက်ခြင်းခံရသောယဇ်ပုရောဟိတ်မင်းမှန်သမျှသည် အပြစ်ဖြေရာယဇ်များနှင့်ပူဇော်သက္ကာများကို လူတို့၏ကိုယ်စား ဘုရားသခင်ထံပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်းခံရ၏။
အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။