ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့အား အလင်းကိုလည်း ပေးတော်မူ၏။ ပွဲတော်ပူဇော်သက္ကာကို ယဇ်ပလ္လင်၏ဦးချို၌ ကြိုးနှင့်ချည်ထားကြလော့။
ဝတ်ပြု 4:7 - မြန်မာ့စံမီသမ္မာကျမ်း သွေးအချို့ကို ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ရှိသည့် အမွှေးနံ့သာပေါင်းယဇ်ပလ္လင်၏ချိုများ၌ သုတ်လိမ်းရမည်။ နွားထီး၏ကျန်သွေးအားလုံးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ရှိသော မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။ Common Language Bible ထိုနောက်သူသည်တဲတော်အတွင်းရှိနံ့သာ ပေါင်းမီးရှို့ရာပလ္လင်၏ထောင့်များရှိအတက် တို့တွင် နွားသွေးအနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွားသွေးကို တဲတော်တံခါးဝ၌ ရှိသောမီးရှို့ပူဇော်ရာပလ္လင်ခြေရင်းတွင် လောင်းရမည်။- Garrad Bible ထာ ဝ ရ ဘု ရား မျက် မှောက် တွေ့ ဆုံ ရာ တဲ တော် ရှိ၊ နံ့ သာ ထင်း တင် ရှို့ ရာ ပ လ္လင် တော် စိန် တောင် များ ၌ အ သွေး သုတ် ခြင်း၊ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး ရှိ မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် ခြေ ရင်း သို့ အ သွေး ကျန် သ မျှ ကို လောင်း ခြင်း ပြု ရ မည်။ Judson Bible တစ်ဖန် ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာပလ္လင်ဦးချိုတို့၌ နွားအသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။ |
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့အား အလင်းကိုလည်း ပေးတော်မူ၏။ ပွဲတော်ပူဇော်သက္ကာကို ယဇ်ပလ္လင်၏ဦးချို၌ ကြိုးနှင့်ချည်ထားကြလော့။
နွားထီး၏သွေးအချို့ကိုယူ၍ သင့်လက်ချောင်းဖြင့် ယဇ်ပလ္လင်၏ချိုများကိုသုတ်လိမ်းပြီးလျှင် ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
သူသည် နွားထီးပျိုကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကိုယူဆောင်လာ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ထိုသွေးကို ဖျန်းရမည်။
ထို့နောက် ထာဝရဘုရားရှေ့တော်ရှိ ယဇ်ပလ္လင်သို့ ထွက်လာ၍ ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ နွားထီး၏သွေးအချို့နှင့် ဆိတ်သငယ်၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ပတ်လည်ရှိချိုများကို သုတ်လိမ်းရမည်။
ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ရှိသည့် ယဇ်ပလ္လင်ချိုများကိုလည်း ထိုသွေးဖြင့်သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ရှိသော မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းပြီးလျှင် ကျန်သောသွေးကို မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
ယဇ်ပုရောဟိတ်သည် ဆိတ်သငယ်အမ၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို ယဇ်ပလ္လင်၏နံရံ၌ ဖျန်း၍ ကျန်သောသွေးကို ယဇ်ပလ္လင်၏အောက်ခြေ၌ ညှစ်ချရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
မည်သည့်အပြစ်ဖြေရာယဇ်ကောင်မဆို ၎င်း၏သွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းပြုရန် တွေ့ဆုံစည်းဝေးရာတဲတော်တွင်းသို့ ယူဆောင်လာလျှင် ထိုယဇ်ကောင်၏အသားကို မစားရ။ မီးရှို့ပစ်ရမည်။
မောရှေသည် နွားကိုသတ်ပြီးသည့်နောက် သွေးကိုယူပြီး သူ၏လက်ချောင်းဖြင့် ယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်း၍ ယဇ်ပလ္လင်ကိုသန့်စင်စေပြီးလျှင် ကျန်သွေးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းခြင်းဖြင့် ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုနိုင်ရန် ယဇ်ပလ္လင်ကိုသန့်ရှင်းစေ၏။
အာရုန်၏သားတို့သည် သွေးကို သူ့ထံသို့ယူဆောင်လာကြရာ သူသည် မိမိ၏လက်ချောင်းကို သွေးထဲသို့နှစ်၍ ယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းပြီးလျှင် ကျန်သွေးကို ယဇ်ပလ္လင်အောက်ခြေ၌ သွန်း၏။
သို့သော် တစ်ချိန်က ဝေးကွာလျက်ရှိခဲ့သောသင်တို့သည် ယခုအခါ ခရစ်တော်ယေရှု၌ ခရစ်တော်၏သွေးတော်အားဖြင့် အနီးသို့ရောက်ရကြပြီ။
ထို့ကြောင့် ခရစ်တော်သည် ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ ဤသည်ကား ပထမပဋိညာဉ်လက်အောက်၌ ဖောက်ဖျက်ကျူးလွန်သောအပြစ်များမှ လူတို့ကိုရွေးနုတ်ရန် ကိုယ်တော်သည် အသေခံတော်မူခြင်းအားဖြင့် ခေါ်ယူတော်မူသောသူတို့သည် ထာဝရအမွေနှင့်ဆိုင်သောကတိတော်ကို ရရှိမည့်အကြောင်းတည်း။
ထို့နောက် တဲတော်နှင့်တကွ ဝတ်ပြုရာတွင်အသုံးပြုသောပစ္စည်းရှိသမျှတို့ကိုလည်း ထိုနည်းတူသွေးနှင့် ပက်ဖျန်းလေ၏။
သိုးသငယ်တော်သည် ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်လည်းကောင်း၊ မိမိတို့ရရှိထားသောသက်သေခံချက်ကြောင့်လည်းကောင်း အသေသတ်ခြင်းခံရသောသူတို့၏ဝိညာဉ်များကို ယဇ်ပလ္လင်အောက်တွင် ငါမြင်ရ၏။