Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 5:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို ယဇ်ပလ္လင်​၏​နံရံ​၌ ဖျန်း​၍ ကျန်​သော​သွေး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ ညှစ်ချ​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ထို့​နောက်​ငှက်​သွေး​အ​ချို့​ကို​ပလ္လင်​ဘေး​ဘက် သို့​ပက်​ဖျန်း​၍ ကျန်​သော​သွေး​ကို​ပလ္လင်​ခြေ ရင်း​သို့​ညှစ်​ချ​ရ​မည်။ ဤ​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ သွေး အ ချို့ အ ဝက် ကို ပ လ္လင် တော် ဘေး၌ ဖျန်း ခြင်း၊ အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ ကျန် သော အ သွေး ကို ပ လ္လင် တော် ခြေ ရင်း သို့ ညှစ် ချ ခြင်း ပြု ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို ယဇ်​ပ​လ္လင်​နံ​ရံ၌​ဖျန်း၍၊ ကြွင်း​သော အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ ညှစ်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 5:9
12 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် မိမိ​၏​ဖြောင့်မတ်​ခြင်း​အတွက် ကျေနပ်အားရ​တော်မူ​၏​။ ကိုယ်တော်​သည် ပညတ်တရား​ကို ကြီးမြတ်​စေ​တော်မူ​၏​။ အထွတ်အမြတ်​ဖြစ်စေ​တော်မူ​၏​။


ယဇ်ပုရောဟိတ်​သည် ငှက်​ကို ယဇ်ပလ္လင်​သို့​ယူဆောင်​လာ​၍ ခေါင်း​ကို​လိမ်ချိုး​ပြီးလျှင် ယဇ်ပလ္လင်​ပေါ်၌​ရှို့​ရ​မည်​။ ငှက်​၏​သွေး​ကို ယဇ်ပလ္လင်​၏​နံရံ​ပေါ် ညှစ်ချ​ရ​မည်​။


သူ​သည် နွားထီးပျို​ကို ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် သွေး​ကို​ယူဆောင်​လာ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​ရှိ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ထို​သွေး​ကို ဖျန်း​ရ​မည်​။


ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲ၌​ရှိ​သည့် ယဇ်ပလ္လင်​ချို​များ​ကို​လည်း ထို​သွေး​ဖြင့်​သုတ်လိမ်း​ရ​မည်​။ ကျန်​သွေး​အားလုံး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌​ရှိ​သော မီးရှို့​ရာ​ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို မိမိ​လက်ချောင်း​ဖြင့်​ယူ​၍ မီးရှို့​ရာ​ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​ပြီးလျှင် ကျန်​သော​သွေး​ကို မီးရှို့​ရာ​ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် ဆိတ်သငယ်​အမ​၏​သွေး​အချို့​ကို မိမိ​လက်ချောင်း​ဖြင့်​ယူ​၍ မီးရှို့​ရာ​ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​ရ​မည်​။ ကျန်​သွေး​အားလုံး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို မိမိ​လက်ချောင်း​ဖြင့်​ယူ​၍ မီးရှို့​ရာ​ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​ရ​မည်​။ ကျန်​သွေး​အားလုံး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။


သွေး​အချို့​ကို ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲ၌​ရှိ​သည့် အမွှေးနံ့သာပေါင်း​ယဇ်ပလ္လင်​၏​ချို​များ​၌ သုတ်လိမ်း​ရ​မည်​။ နွားထီး​၏​ကျန်​သွေး​အားလုံး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌​ရှိ​သော မီးရှို့​ရာ​ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။


အပြစ်ဒဏ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ သတ်​၍ သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။


ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။


အကြောင်းမူကား ခပ်သိမ်း​သော​အရာ​တို့​၏​အကြောင်းခံ​နှင့် ခပ်သိမ်း​သော​အရာ​တို့​၏​အရင်း​အမြစ်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် များစွာ​သော​သား​တို့​ကို ဘုန်း​အသရေ​တော်​ထဲသို့​ခေါ်ဆောင်​လာ​ရာ​၌ သူ​တို့​၏​ကယ်တင်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​သော​အရှင်​အား ဒုက္ခ​ဝေဒနာ​အားဖြင့် စုံလင်​စေ​တော်မူ​သည်​မှာ သင့်လျော်​ပေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ