ထို့နောက် ရှင်ဘုရင်နှင့်တကွ အထံတော်ရှိ အစ္စရေးလူမျိုးအပေါင်းတို့သည် ထာဝရဘုရားထံ ယဇ်ပူဇော်ကြလေ၏။
ဝတ်ပြု 3:7 - မြန်မာ့စံမီသမ္မာကျမ်း သိုးသငယ်ကို ပူဇော်လိုလျှင် ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။ Common Language Bible သိုးကိုပူဇော်သူသည်၊ Garrad Bible သိုး သား ငယ် ကို လှူ ဒါန်း လျှင် ထာ ဝ ရ ဘု ရား ရှေ့ တင် သွင်း ရာ၊ Judson Bible သိုးသငယ်ကိုပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ ဆက်ပြီးမှ၊ |
ထို့နောက် ရှင်ဘုရင်နှင့်တကွ အထံတော်ရှိ အစ္စရေးလူမျိုးအပေါင်းတို့သည် ထာဝရဘုရားထံ ယဇ်ပူဇော်ကြလေ၏။
သူသည် နွားကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသော အထီးကိုဖြစ်စေ၊ အမကိုဖြစ်စေ ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။
ထာဝရဘုရားအား ပူဇော်သက္ကာကိုပူဇော်လိုသောသူသည် ဆီတစ်ဟိန်၏လေးပုံတစ်ပုံရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကိုလည်း ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
သိုးသငယ်တစ်ကောင်အတွက် မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာနှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ်ပူဇော်ရမည်။
သိုးသငယ်တစ်ကောင်ကို နံနက်အချိန်တွင် ပူဇော်၍ နောက်သိုးသငယ်တစ်ကောင်ကို နေဝင်ချိန်တွင် ပူဇော်ရမည်။
အကြောင်းမူကား ဆိတ်ကွယ်ရာ၌ သူတို့ပြုနေသောအရာများကို ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။