မှတ်တိုင်အဖြစ် အကျွန်ုပ်စိုက်ထူသော ဤကျောက်သည်လည်း ဘုရားသခင်၏အိမ်တော်ဖြစ်မည်။ အကျွန်ုပ်အားပေးသနားတော်မူသောအရာရှိသမျှတို့၏ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော်အား မုချပူဇော်ပါမည်”ဟု ဆိုလျက် ကတိသစ္စာပြုလေ၏။
ဝတ်ပြု 27:32 - မြန်မာ့စံမီသမ္မာကျမ်း နွားအုပ်၊ သို့မဟုတ် သိုးအုပ်၏ဆယ်ဖို့တစ်ဖို့တည်းဟူသော ကြိမ်လုံးအောက်ကိုဖြတ်သွားသည့် ဆယ်ကောင်မြောက်အကောင်အားလုံးသည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ Common Language Bible မွေးမြူထားသောနွား၊ သိုး၊ ဆိတ်၊ တို့ကိုရေတွက် လော့။ ယင်းတို့အနက်ဆယ်ကောင်လျှင်တစ် ကောင်ကျထာဝရဘုရားနှင့်ဆိုင်၏။- Garrad Bible တောင် ဝှေး အောက် စီ သွား ရ သော နွား၊ သိုး၊ ဆိတ် တို့ အ နက် ဆယ် ကောင့် တစ် ကောင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ရာ ရောက် သ ဖြင့် ကောင်း သည် ဆိုး သည် မ မှတ် ရ။ Judson Bible နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌သွားသမျှသောအကောင် ဆယ်စုတစ်စုသည်၊ ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။ |
မှတ်တိုင်အဖြစ် အကျွန်ုပ်စိုက်ထူသော ဤကျောက်သည်လည်း ဘုရားသခင်၏အိမ်တော်ဖြစ်မည်။ အကျွန်ုပ်အားပေးသနားတော်မူသောအရာရှိသမျှတို့၏ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော်အား မုချပူဇော်ပါမည်”ဟု ဆိုလျက် ကတိသစ္စာပြုလေ၏။
ထာဝရဘုရားက ‘ဗင်္ယာမိန်ပြည်၊ ယုဒပြည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသရှိမြို့ရွာများ၊ တောင်ပေါ်ဒေသရှိမြို့ရွာများ၊ နေဂေ့အရပ်ရှိမြို့ရွာများ၌ သိုးထိန်းသည် သိုးစုကို ပြန်လည်ရေတွက်လိမ့်မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ကို ကြိမ်လုံးအောက်မှ ဖြတ်သွားစေမည်၊ ပဋိညာဉ်ကြိုးဖြင့် ချည်နှောင်မည်။
တစ်စုံတစ်ယောက်သည် မိမိဆယ်ဖို့တစ်ဖို့ထဲမှအချို့ကို အမှန်ပင်ရွေးနုတ်လိုလျှင် ၎င်း၏တန်ဖိုးအပြင် ငါးပုံတစ်ပုံထပ်ပေါင်း၍ ပေးရမည်။
စားကျက်မြေကောင်းသည့်တောမြိုင်အလယ်တွင် သီးသန့်နေသော ကိုယ်တော်၏အမွေတော်သိုးစုဖြစ်သည့် ကိုယ်တော်၏လူမျိုးတော်ကို တောင်ဝှေးတော်ဖြင့် ထိန်းကျောင်းတော်မူပါ။ ရှေးယခင် ဗာရှန်ပြည်၊ ဂိလဒ်ပြည်မှာကဲ့သို့ သူတို့ကို ကျွေးမွေးတော်မူပါ။
တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကို ထမ်းဆောင်ရသောလေဝိသားမြေးတို့အား သူတို့ထမ်းဆောင်သောအမှုအတွက် အစ္စရေးအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို အမွေအဖြစ် ငါပေး၏။