Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 27:32 - Common Language Bible

32 မွေး​မြူ​ထား​သော​နွား၊ သိုး၊ ဆိတ်၊ တို့​ကို​ရေ​တွက် လော့။ ယင်း​တို့​အ​နက်​ဆယ်​ကောင်​လျှင်​တစ် ကောင်​ကျ​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 တောင် ဝှေး အောက် စီ သွား ရ သော နွား၊ သိုး၊ ဆိတ် တို့ အ နက် ဆယ် ကောင့် တစ် ကောင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ရာ ရောက် သ ဖြင့် ကောင်း သည် ဆိုး သည် မ မှတ် ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 နွား​ဖြစ်​စေ၊ သိုး​ဆိတ်​ဖြစ်​စေ၊ ကြိမ်​လုံး​အောက်၌​သွား​သ​မျှ​သော​အ​ကောင် ဆယ်​စု​တစ်​စု​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 နွားအုပ်​၊ သို့မဟုတ် သိုးအုပ်​၏​ဆယ်ဖို့တစ်ဖို့​တည်းဟူသော ကြိမ်လုံး​အောက်​ကို​ဖြတ်သွား​သည့် ဆယ်ကောင်မြောက်​အကောင်​အားလုံး​သည် ထာဝရဘုရား​အဖို့ သန့်ရှင်း​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 27:32
6 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။


တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့်​ယု​ဒ ပြည်​တောင်​ဘက်​ဒေ​သ​တို့​၌​ရှိ​သော​မြို့​များ နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​တွင်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​မှ​ကျေး​ရွာ များ​နှင့်​ယု​ဒ​မြို့​များ​၌​လည်း​ကောင်း သိုး ထိန်း​တို့​သည်​မိ​မိ​တို့​သိုး​များ​ကို​တစ်​ဖန် ရေ​တွက်​လျက်​နေ​ကြ​လိမ့်​ဦး​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


``ငါ​သည်​သင်​တို့​ကို​ပိုင်​ပိုင်​နိုင်​နိုင်​အုပ် ထိန်း​၍ ပ​ဋိ​ညာဉ်​တော်​အ​တိုင်း​လိုက်​နာ စေ​မည်။-


တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​အ​သီး အ​နှံ​ကို​ပြန်​၍​ဝယ်​ယူ​လို​လျှင် စံ​ချိန်​တော် အ​ရ​တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း ထပ်​ဆောင်း​၍​ဝယ်​ယူ​ရ​မည်။-


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရွေး​ကောက်​သော လူ​မျိုး​တော်​အား​သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက် တော်​မူ​ပါ။ သူ​တို့​အား​ရှေး​အ​ခါ​က​မြက်​ပေါ များ​ရာ ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​များ​တွင် ကျက်​စား​စေ​သ​ကဲ့​သို့​ယ​ခု​လည်း​ပြည် တော်​တွင်​နေ​ထိုင်​စေ​တော်​မူ​ပါ။


ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က ငါ့​အား​ဆက်​သ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ထိန်း​သိမ်း​ခ​အ​ဖြစ် ငါ​ပေး​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ