‘သင်၏ဘထွေး ရှလ္လုံ၏သားဟာနမေလသည် သင့်ဆီသို့လာ၍ အာနသုတ်မြို့ရှိ ငါ၏လယ်ကို သင်ရွေးနုတ်ပိုင်ခွင့်ရှိသည်ဖြစ်၍ ရွေးနုတ်ဝယ်ယူပါလော့’ဟု ဆိုလိမ့်မည်။
ဝတ်ပြု 25:24 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ပိုင်ဆိုင်ရာမြေအားလုံးကို သင်တို့ရွေးနုတ်ခွင့်ပေးရမည်။ Common Language Bible မြေကိုရောင်းချသည့်အခါမူလပိုင်ရှင်က ထိုမြေကိုပြန်၍ဝယ်ယူခွင့်ရှိစေရမည်။- Garrad Bible ပိုင် မြေ ရှိ သ မျှ နှင့် စပ် လျဉ်း ၍ ရွေး နုတ် နိုင် ခွင့် ရှိ ရ မည်။ Judson Bible သင်တို့သည် မြေကိုပိုင်လေရာရာ၌ ရွေးနုတ်ရသောအခွင့်ကို ပေးရကြမည်။ |
‘သင်၏ဘထွေး ရှလ္လုံ၏သားဟာနမေလသည် သင့်ဆီသို့လာ၍ အာနသုတ်မြို့ရှိ ငါ၏လယ်ကို သင်ရွေးနုတ်ပိုင်ခွင့်ရှိသည်ဖြစ်၍ ရွေးနုတ်ဝယ်ယူပါလော့’ဟု ဆိုလိမ့်မည်။
ရောင်းသောသူသည် အသက်ရှင်မည်ဆိုလျှင်လည်း မိမိရောင်းလိုက်သောပစ္စည်းကို ပြန်ရမည်မဟုတ်။ လူထုတစ်ရပ်လုံးနှင့်ဆိုင်သော ဗျာဒိတ်နိမိတ်သည် ပြန်လှည့်သွားမည်မဟုတ်။ လူတိုင်း အပြစ်ပြုကြသောကြောင့် ဆက်၍အသက်ရှင်နေနိုင်မည်မဟုတ်။
မြေသည် ငါ့အပိုင်ဖြစ်၏။ သင်တို့သည် ငါ့ထံ၌တည်းခိုသော တိုင်းတစ်ပါးသားများ၊ ဧည့်သည်များဖြစ်သောကြောင့် မြေကိုအပြီးအပိုင်မရောင်းရ။
သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သူ့လက်ဝယ်ရှိမြေအချို့ကို ရောင်းလျှင် ရွေးနုတ်ခွင့်ရှိသော သူ၏ဆွေမျိုးသားချင်းသည်လာ၍ သူရောင်းသောမြေကို ရွေးနုတ်ရမည်။
သူသည် မိမိရောင်းထားသောနှစ်ကိုတွက်၍ လိုငွေကို ဝယ်သူအား ပေးပြီးမှ မိမိပိုင်သောမြေသို့ ပြန်သွားခွင့်ရှိမည်။
သို့သော် တံတိုင်းမခတ်ထားသောရွာရှိ နေအိမ်များကို လယ်ယာကဲ့သို့သတ်မှတ်ရမည်။ သူသည် နေအိမ်ကို ရွေးနုတ်ခွင့်ရှိ၏။ မင်္ဂလာရတုနှစ်ရောက်သောအခါ သူသည် အိမ်ကို ပြန်လည်ရရှိမည်။
ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။
သင်တို့သည် ဘုရားသခင်အားဖြင့် ခရစ်တော်ယေရှု၌တည်နေကြ၏။ ခရစ်တော်သည် ငါတို့အတွက် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာဖြစ်တော်မူပြီး ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ရွေးနုတ်ခြင်းဖြစ်တော်မူ၏။
ထိုဝိညာဉ်တော်သည် ပိုင်ဆိုင်တော်မူသောသူတို့ရွေးနုတ်ခြင်းခံရသည်အထိ ငါတို့၏အမွေအတွက် စရန်ဖြစ်တော်မူ၏။ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြရန်အတွက်လည်းဖြစ်၏။
ဘုရားသခင်၏ကျေးဇူးတော်ကြွယ်ဝတော်မူသည်နှင့်အညီ ငါတို့သည် သားတော်၏သွေးတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော ကျူးလွန်သည့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ထိုသားတော်အားဖြင့်ရရှိကြ၏။
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။ သင်တို့သည် ရွေးနုတ်ခြင်းနေ့ရက်အတွက် ထိုဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။