ဝတ်ပြု 25:23 - မြန်မာ့စံမီသမ္မာကျမ်း23 မြေသည် ငါ့အပိုင်ဖြစ်၏။ သင်တို့သည် ငါ့ထံ၌တည်းခိုသော တိုင်းတစ်ပါးသားများ၊ ဧည့်သည်များဖြစ်သောကြောင့် မြေကိုအပြီးအပိုင်မရောင်းရ။ အခန်းကိုကြည့်ပါ။Common Language Bible23 မြေကိုသင်တို့မပိုင်။ ဘုရားသခင်သာပိုင် သဖြင့် ယင်းကိုအပြီးအပိုင်မရောင်းရ။ သင် တို့သည်ဧည့်သည်အာဂန္တုအဖြစ်နှင့်သာ ထို ပြည်သို့ဝင်ရောက်အခြေစိုက်နေထိုင်သူ များဖြစ်ကြမည်။ အခန်းကိုကြည့်ပါ။Garrad Bible23 မြေ သည် ငါ ပိုင် ရာ ဖြစ် လျက် သင် တို့ လည်း ငါ့ ထံ ဝင် နေ သူ အာ ဂ န္တု များ ဖြစ် သည့် အ လျောက် မြေ ကို အ ဆုံး မ ရောင်း ရ ဘဲ၊ အခန်းကိုကြည့်ပါ။Judson Bible23 မြေကို သူတစ်ပါးအစဉ်ပိုင်စေခြင်းငှာ မရောင်းရ။ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌တည်းသော ဧည့်သည်အာဂန္တုဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။