သင်တို့က “အကျွန်ုပ်တို့သည် မျိုးမကြဲရ၊ ကိုယ့်အသီးအနှံကိုလည်း မစုသိမ်းရလျှင် သတ္တမနှစ်၌ မည်သည့်အရာကိုစားရမည်နည်း”ဟု မေးကြလိမ့်မည်။
လယ်များကိုမစိုက်မပျိုး၊ အသီးအနှံများ ကိုမစုမသိမ်းရသောသတ္တမနှစ်တွင်မည် ကဲ့သို့စားရပါမည်နည်းဟူ၍တစ်စုံတစ် ယောက်ကမေးကောင်းမေးလိမ့်မည်။-
သ တ္တ မ နှစ် တွင် မျိုး ကြဲ ခြင်း၊ မြေ ထွက် သို ထား ခြင်း မ ပြု ရ လျှင် မည် သို့ စား ရ ကြ အံ့ နည်း ဟု သင် တို့ ဆို ဖွယ် ရာ ရောက် သော် လည်း၊
သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့စားရမည်နည်း။ လယ်မလုပ်ရ။ အသီးအနှံကိုမသိမ်းရပါတကားဟု ဆိုလျှင်၊
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
အာမဇိမင်းကြီးကလည်း ဘုရားသခင်၏လူအား “အစ္စရေးစစ်တပ်အား ငါပေးလိုက်သော ငွေတာလန်တစ်ရာကို မည်သို့ပြုရမည်နည်း”ဟု ပြန်မေးလျှင် ဘုရားသခင်၏လူက “ထာဝရဘုရားသည် ထိုမျှမကများစွာသောငွေကို မင်းကြီးအား ပေးနိုင်၏”ဟု ပြန်ပြော၏။
အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
ထိုပြည်၌ အသီးအနှံဖြစ်ထွန်း၍ သင်တို့သည် ဝစွာစားရမည်။ ဘေးကင်းလုံခြုံစွာနေထိုင်ရမည်။
သတ္တမနှစ်သည် မြေကြီး ငြိမ်ဝပ်စွာနေရသောဥပုသ်နှစ်၊ ထာဝရဘုရား၏ဥပုသ်နှစ်ဖြစ်၏။ သင်၏လယ်ယာ၌ မျိုးမကြဲရ။ သင်၏စပျစ်ခြံကိုလည်း ရှင်းလင်းပြုစုခြင်းမပြုရ။
ဥပုသ်နှစ်၌ မြေသည် သင်တို့အဖို့ စားစရာဖြစ်ထွန်းစေလိမ့်မည်။ သင်နှင့် သင်၏ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ သင်၏သူရင်းငှား၊ သင့်ထံ၌တည်းခိုနေထိုင်သောဧည့်သည်၊
သူတို့က အကျွန်ုပ်အား ‘ငါတို့စားဖို့အသားကို ပေးပါ’ဟု ဆိုလျက် ငိုကြွေးကြသည်ဖြစ်၍ အကျွန်ုပ်သည် ဤလူအပေါင်းတို့ကိုပေးဖို့ အသားကို အဘယ်က ရနိုင်ပါမည်နည်း။
အစ္စရေးအမျိုးသားတို့နှင့် ရောနှောပါလာသောလူတို့သည် အလိုဆန္ဒပြင်းပြကြ၏။ အစ္စရေးအမျိုးသားတို့လည်း ငိုကြွေးမြည်တမ်းကြပြန်၍ “ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
ထို့ကြောင့် သင်တို့သည် မည်သည့်အရာကိုစားရမည်နည်း၊ မည်သည့်အရာကိုသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် သင်တို့တောင်းခံလိုသောအရာများကို ဘုရားသခင်အား သိစေကြလော့။