ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်နေ့များတွင် ထာဝရဘုရားထံ ပူဇော်ရမည့်မီးရှို့ရာယဇ်အားလုံးကို စီရင်ထုံးဖွဲ့ထားသောအရေအတွက်နှင့်အညီ ထာဝရဘုရားရှေ့တော်၌ ပုံမှန်ပူဇော်ရ၏။
ဝတ်ပြု 23:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေအား Common Language Bible ထာဝရဘုရားသည် ဣသရေလအမျိုး သားတို့စုဝေးဝတ်ပြုသည့်ပွဲတော်များနှင့် ဆိုင်သည့်ပြဋ္ဌာန်းချက်များကိုမောရှေအား ဖြင့် အောက်ပါအတိုင်းချမှတ်ပေးတော်မူ၏။- Garrad Bible တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ Judson Bible တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ |
ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်နေ့များတွင် ထာဝရဘုရားထံ ပူဇော်ရမည့်မီးရှို့ရာယဇ်အားလုံးကို စီရင်ထုံးဖွဲ့ထားသောအရေအတွက်နှင့်အညီ ထာဝရဘုရားရှေ့တော်၌ ပုံမှန်ပူဇော်ရ၏။
အစ္စရေးလူမျိုးတို့ အစဉ်အမြဲပြုရန် ပြဋ္ဌာန်းထားသည်နှင့်အညီ အကျွန်ုပ်သည် ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ အမွှေးနံ့သာကို မီးရှို့ပူဇော်ရန်အတွက်၊ ရှေ့တော်မုန့်ကိုလည်း ပုံမှန်တင်လှူပူဇော်ရန်နှင့် နံနက်ချိန်၊ နေဝင်ချိန်၊ ဥပုသ်နေ့များ၊ လဆန်းနေ့များ၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များတွင် မီးရှို့ရာယဇ်ကို ပူဇော်ရန်အတွက် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို ဆောက်လုပ်ဆက်ကပ်မည်။
မောရှေ၏ပညတ်တော်တွင်ပါရှိသည့်အတိုင်း နေ့စဉ်ဆက်သနေသောအလှူများ၊ ဥပုသ်နေ့၊ လဆန်းနေ့တို့တွင် ဆက်သသောအလှူများ၊ တစ်နှစ်လျှင်သုံးကြိမ်ကျင်းပရသောပွဲတော်များဖြစ်သည့် တဆေးမဲ့မုန့်ပွဲတော်၊ ခုနစ်သီတင်းပွဲတော်၊ ယာယီတဲစုပွဲတော်တို့တွင် ဆက်သသောအလှူများကို ပူဇော်၏။
အချည်းနှီးသောပူဇော်သက္ကာကို နောက်တစ်ဖန်မယူဆောင်လာကြနှင့်။ နံ့သာပေါင်းသည် ငါ့အတွက်စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ဓမ္မစည်းဝေးပွဲနေ့စသည့် ဒုစရိုက်နှင့်ရောပြွမ်းနေသည့်စည်းဝေးခြင်းနေ့မျိုးကို ငါသည်းမခံနိုင်တော့ချေ။
အမှုအခင်းဖြစ်၍ တရားစီရင်မည်ဆိုလျှင် ငါ့စီရင်ထုံးဖွဲ့ချက်အတိုင်း စီရင်ရမည်။ ငါသတ်မှတ်ထားသောပွဲတော်ဆိုင်ရာ ငါ့ပညတ်ချက်၊ ငါ့ပြဋ္ဌာန်းချက်တို့ကိုလည်း ထိန်းသိမ်းရမည်။ ငါ့ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရမည်။
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။
ပွဲတော်အချိန်၊ တွေ့ဆုံစည်းဝေးရသောအချိန်တို့တွင် ဘောဇဉ်ပူဇော်သက္ကာအဖြစ် နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်များအတွက် အကောင်းဆုံးဂျုံမှုန့်တတ်နိုင်သလောက်၊ ဂျုံမှုန့်တစ်ဧဖာစီအတွက် ဆီတစ်ဟိန်စီ စီစဉ်ပေးရမည်။
ငါသည် သင်တို့၏ဘုရားဖြစ်ရန်အတွက် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များကား ဤသို့ဖြစ်၏။ ဤပွဲတော်များသည် ငါသတ်မှတ်ထားသောပွဲတော်များဖြစ်၏။
မောရှေသည်လည်း ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။
ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာအတွက်ဖြစ်စေ၊ သတ်မှတ်သောပွဲတော်များအတွက်ဖြစ်စေ မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာကို ထာဝရဘုရားထံ ပူဇော်လိုလျှင် နွား၊ သို့မဟုတ် သိုးကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားထံ မီးဖြင့်ပူဇော်နိုင်၏။
သင်တို့သည် နေ့ရက်များ၊ လများ၊ အချိန်အခါများနှင့် နှစ်များကို စောင့်ထိန်းကြပြီတကား။
ထို့ကြောင့် အစားအသောက်နှင့်ပတ်သက်၍ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ သို့မဟုတ် ဥပုသ်နေ့တို့နှင့်ပတ်သက်၍ဖြစ်စေ မည်သူမျှ သင်တို့ကိုမစီရင်စေနှင့်။