ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
ဝတ်ပြု 22:10 - မြန်မာ့စံမီသမ္မာကျမ်း သာမန်လူတစ်ယောက်မျှ သန့်ရှင်းသောပူဇော်သက္ကာကို မစားရ။ ယဇ်ပုရောဟိတ်၏ဧည့်သည်ဖြစ်စေ၊ သူရင်းငှားဖြစ်စေ သန့်ရှင်းသောပူဇော်သက္ကာကို မစားရ။ Common Language Bible ``ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင်သူ သာလျှင် သန့်ရှင်းသောပူဇော်သကာကိုစား နိုင်သည်။ ယဇ်ပုရောဟိတ်နှင့်အတူနေထိုင် သောသူနှင့်၊ သူငှားတို့သည်ပူဇော်သကာ ကိုမစားရ။- Garrad Bible ပ ရော ဟိတ် ထံ ဝင် နေ သူ ဖြစ် စေ၊ သူ ရင်း ငှါး ဖြစ် စေ၊ ပ ရော ဟိတ် မျိုး မ ဟုတ် လျှင် ထို ဝ တ္ထု ကို မ စား ရ။ Judson Bible တစ်ပါးအမျိုးသားသည် သန့်ရှင်းသောအရာကိုမစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည်မစားရ။ သူငှားလည်းမစားရ။ |
ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “ပသခါပွဲဆိုင်ရာပြဋ္ဌာန်းချက်ဟူမူကား မည်သည့်တိုင်းတစ်ပါးသားမျှ ပသခါသိုးကိုမစားရ။
သူတို့ကို ခန့်အပ်ရန်နှင့်သန့်ရှင်းစေရန် သူတို့သည် အပြစ်ဖြေလွှတ်ခြင်းအတွက်ပူဇော်သောအရာတို့ကို စားကြရမည်။ ထိုအရာတို့သည် သန့်ရှင်းသောအရာဖြစ်၍ မဆိုင်သောသူမစားရ။
သင်တို့သည် ငါ၏သန့်ရှင်းသောအမှုတော်ကို မထမ်းဆောင်။ ငါ၏သန့်ရှင်းရာဌာနအမှုကို ထမ်းရမည့်အစား အခြားသူတို့ကို ထမ်းစေကြ၏’ဟု မိန့်တော်မူ၏။
မိမိဘုရားသခင်အဖို့ စားဖွယ်ရာများဖြစ်သည့် အထူးသန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း၊ သန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း သူစားခွင့်ရှိ၏။
သို့သော် ယဇ်ပုရောဟိတ်၏သမီးသည် မုဆိုးမဖြစ်သွားလျှင်ဖြစ်စေ၊ ကွာရှင်းထားလျှင်ဖြစ်စေ သူ၌သားသမီးမရှိဘဲ သူ့ဖခင်၏အိမ်သို့ပြန်လာ၍ အပျိုကဲ့သို့ ပြန်နေလျှင် ဖခင်၏အစားအစာကို စားခွင့်ရှိ၏။ သာမန်လူတစ်ယောက်မျှ စားခွင့်မရှိ။
သင်သည် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ရမည်။ သူတို့သည် သူတို့၏ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
သူသည် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး သူကိုယ်တိုင်ရော သူနှင့်အတူရှိသောသူတို့ပါ စားခွင့်မရှိသောရှေ့တော်မုန့်ကို စားခဲ့ကြ၏။
ရှေ့တော်မုန့်မှလွဲ၍ အခြားမုန့်မရှိသောကြောင့် ယဇ်ပုရောဟိတ်သည် သူ့အား သန့်ရှင်းသောမုန့်ကို ပေးလိုက်၏။ ထိုမုန့်သည် မုန့်အသစ်ပြန်တင်သောနေ့၌ ထာဝရဘုရားရှေ့တော်မှ စွန့်လိုက်ရမည့်မုန့်ဖြစ်၏။
ထိုနေ့၌ ရှောလု၏အစေအပါးတစ်ဦးသည် ထိုနေရာတွင်ရှိနေ၍ ထာဝရဘုရားရှေ့တော်၌ ထိန်းချုပ်ထားခြင်းခံနေရ၏။ ထိုသူမှာ ရှောလု၏သိုးထိန်းအုပ် ဧဒုံပြည်သား ဒေါဂဖြစ်၏။