Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 22:10 - Common Language Bible

10 ``ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင်​သူ သာ​လျှင် သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​ကို​စား နိုင်​သည်။ ယဇ်​ပု​ရော​ဟိတ်​နှင့်​အ​တူ​နေ​ထိုင် သော​သူ​နှင့်၊ သူ​ငှား​တို့​သည်​ပူ​ဇော်​သ​ကာ ကို​မ​စား​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ပ ရော ဟိတ် ထံ ဝင် နေ သူ ဖြစ် စေ၊ သူ ရင်း ငှါး ဖြစ် စေ၊ ပ ရော ဟိတ် မျိုး မ ဟုတ် လျှင် ထို ဝ တ္ထု ကို မ စား ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 တစ်​ပါး​အ​မျိုး​သား​သည် သန့်​ရှင်း​သော​အ​ရာ​ကို​မ​စား​ရ။ ယဇ်​ပု​ရော​ဟိတ်၌ တည်း​နေ​သော ဧည့်​သည်​မ​စား​ရ။ သူ​ငှား​လည်း​မ​စား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သာမန်လူ​တစ်ယောက်မျှ သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မ​စား​ရ​။ ယဇ်ပုရောဟိတ်​၏​ဧည့်သည်​ဖြစ်စေ​၊ သူရင်းငှား​ဖြစ်စေ သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မ​စား​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 22:10
11 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား​သင်​တို့​သည် ဥ​ရိမ်​နှင့်​သု​မိမ် ကို​အ​သုံး​ပြု​နိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မ​ပေါ်​ထွန်း​မီ၊ သန့်​ရှင်း​သော​အ​စာ​များ​ကို​မ​သုံး​ဆောင်​ရ​ဟု​ပြော​ကြား​လိုက်​သည်။


ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား``ပ​သ​ခါ​ပွဲ​တော်​နှင့်​ဆိုင်​သော​စည်း​ကမ်း ဥ​ပ​ဒေ​သ​များ​သည်​ကား​ဤ​သို့​တည်း။ မည် သည့်​လူ​မျိုး​ခြား​ကို​မျှ​ထို​ပွဲ​တွင်​ပါ​ဝင် စား​သောက်​ခွင့်​မ​ပြု​ရ။-


ဧည့်​သည်​သို့​မ​ဟုတ်​အ​ခ​စား​အ​လုပ် သ​မား​များ​မ​စား​ရ။-


သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ​ရာ​၌ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​သော​အ​စား အ​စာ​များ​ကို​စား​ရ​မည်။ ထို​အ​စား​အ​စာ တို့​သည်​သန့်​ရှင်း​သော​ကြောင့်​ယဇ်​ပု​ရော​ဟိတ် များ​က​သာ​စား​ရ​ကြ​မည်။-


သူ​တို့​သည်​ငါ​၏​ဗိ​မာန်​တော်​တွင်​သန့်​ရှင်း မြင့်​မြတ်​သည့်​ဝတ်​တို့​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက်​မည့်​အ​စား​လူ​မျိုး​ခြား​တို့ အား​ဆောင်​ရွက်​စေ​ကြ​၏။


ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည် ငါ့​အား ဆက်​သ​သော​သန့်​ရှင်း​သည့်​ပူ​ဇော်​သ​ကာ ကို​သော်​လည်း​ကောင်း၊ အ​လွန်​သန့်​ရှင်း​သည့် ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း​စား သုံး​နိုင်​သည်။-


သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​၏​သ​မီး​သည် ခင်​ပွန်း​သေ​လျှင်​ဖြစ်​စေ၊ ခင်​ပွန်း​နှင့်​ကွာ​ရှင်း ပြီး​လျှင်​ဖြစ်​စေ​သား​သ​မီး​မ​ရှိ​သ​ဖြင့် ဖ​ခင်​အိမ်​သို့​ပြန်​ရောက်​နေ​ထိုင်​ခဲ့​သည်​ရှိ သော်​ဖ​ခင်​၏​အ​စား​အ​စာ​ကို​စား​နိုင် သည်။ ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင် သူ​သာ​လျှင်​ပူ​ဇော်​သ​ကာ​ကို​စား​နိုင်​သည်။


သင်​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား​ယဇ် ပု​ရော​ဟိတ်​၏​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ခန့် ထား​ရ​မည်။ မ​ဆိုင်​သူ​က​ယဇ်​ပု​ရော​ဟိတ် ဝတ္တ​ရား​များ​ကို​ဝင်​ရောက်​ဆောင်​ရွက်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်'' ဟု​မိန့် တော်​မူ​၏။


သူ​နှင့်​သူ့​အ​ဖော်​တို့​သည်​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​သာ စား​အပ်​သော​ရှေ့​တော်​မုန့်​ကို​စား​ဖူး​သည် မ​ဟုတ်​လော။-


ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​ထံ တွင်​အ​ခြား​မုန့်​လည်း​မ​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ထား​သည့်​ရှေ့​တော်​မုန့် ကို​ဒါ​ဝိဒ်​အား​ပေး​လေ​သည်။ ထို​မုန့်​ဟောင်း ကို​မုန့်​သစ်​ဖြင့်​အ​စား​ထိုး​ပူ​ဇော်​ရန်​ဖြစ် သည်။


(ရှော​လု​၏​သိုး​ထိန်း​မှူး​ဖြစ်​သူ​ဧ​ဒုံ​ပြည် သား​ဒေါ​ဂ​သည် ထို​နေ့​၌​ဘာ​သာ​ရေး​ကျင့် ဝတ်​အ​ရ​သန့်​စင်​မှု​မင်္ဂ​လာ​ပြု​ရန်​အ​တွက် ထို​အ​ရပ်​သို့​ရောက်​ရှိ​နေ​ခိုက်​ဖြစ်​သ​တည်း။)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ