ထွက်မြောက် 29:33 - မြန်မာ့စံမီသမ္မာကျမ်း33 သူတို့ကို ခန့်အပ်ရန်နှင့်သန့်ရှင်းစေရန် သူတို့သည် အပြစ်ဖြေလွှတ်ခြင်းအတွက်ပူဇော်သောအရာတို့ကို စားကြရမည်။ ထိုအရာတို့သည် သန့်ရှင်းသောအရာဖြစ်၍ မဆိုင်သောသူမစားရ။ အခန်းကိုကြည့်ပါ။Common Language Bible33 သူတို့သည်ယဇ်ပုရောဟိတ်အရာခံယူရာ၌ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်သောအစား အစာများကိုစားရမည်။ ထိုအစားအစာ တို့သည်သန့်ရှင်းသောကြောင့်ယဇ်ပုရောဟိတ် များကသာစားရကြမည်။- အခန်းကိုကြည့်ပါ။Garrad Bible33 သီး သန့် ခန့် ထား ခြင်း နှင့် ဆိုင် သော အ ပြစ် ဖြေ ရာ များ သည် သီး သန့် ပြီး ဖြစ် သော ကြောင့် မ ဆိုင် သူ မ စား ရ ဘဲ ကိုယ် တိုင် စား ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible33 သူတို့ကိုသန့်ရှင်းစေ၍၊ အရာ၌ခန့်ထားစေခြင်းငှာ၊ အပြစ်ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သောအရာတို့ကို၊ သူတို့သည် စားရကြမည်။ ထိုအရာတို့သည် သန့်ရှင်းသောကြောင့်၊ မဆိုင်သောသူမစားရ။ အခန်းကိုကြည့်ပါ။ |
ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။
ကိန်းဝပ်တော်မူရာတဲတော်၏အရှေ့ဘက်ဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ နေထွက်ရာအရပ်၌ စခန်းချရမည့်သူများမှာ မောရှေမှစ၍ အာရုန်နှင့်သူ၏သားတို့ ဖြစ်ကြ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ကိုယ်စား သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူများ ဖြစ်ကြ၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။