Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 44:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သင်​တို့​သည် ငါ​၏​သန့်ရှင်း​သော​အမှု​တော်​ကို မ​ထမ်းဆောင်​။ ငါ​၏​သန့်ရှင်းရာဌာန​အမှု​ကို ထမ်း​ရ​မည့်​အစား အခြားသူ​တို့​ကို ထမ်း​စေ​ကြ​၏’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သူ​တို့​သည်​ငါ​၏​ဗိ​မာန်​တော်​တွင်​သန့်​ရှင်း မြင့်​မြတ်​သည့်​ဝတ်​တို့​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက်​မည့်​အ​စား​လူ​မျိုး​ခြား​တို့ အား​ဆောင်​ရွက်​စေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ငါ့ သီး သန့် ရာ များ ကို၊ ကိုယ် တိုင် မ စောင့် ရှောက် ဘဲ၊ ငါ့ သန့် ရှင်း ရာ ဌာ န၌ အ စောင့် အ ရှောက် များ ကို ထား လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို မ​စောင့်။ ထို​ဌာ​န၌ စောင့်​သော​သူ​တို့​ကို ကိုယ်​အ​လို​အ​လျောက်​ခန့်​ထား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 44:8
12 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​ဆောင်ရွက်​ရ​မည့်​အမှု​များ​၊ သန့်ရှင်းရာဌာန​၌​ဆောင်ရွက်​ရ​မည့်​အမှု​များ​၊ အာရုန်​၏​သားမြေး​နှင့် သူ​တို့​၏​ဆွေမျိုးသားချင်း​တို့​အတွက်​ဆောင်ရွက်​ရ​မည့်​အမှု​များ စသည်ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​အမှု​ကို လိုက်နာဆောင်ရွက်​ကြ​ရ​၏​။


တစ်ဖန် အိမ်​တော်​ကို​ထိန်းသိမ်း​ဖို့​၊ အိမ်​တော်​အမှု​ကို ထမ်းဆောင်​ဖို့​နှင့် အိမ်​တော်​နှင့်​ပတ်သက်၍ လုပ်ဆောင်စရာအမှု​အလုံးစုံ​တို့​ကို လုပ်ဆောင်​ဖို့ သူ​တို့​ကို ငါ​ပြန်ခန့်​ထား​မည်’​ဟု မိန့်​တော်မူ​၏​။


‘သူ​တို့​သာလျှင် ငါ့​သန့်ရှင်းရာဌာန​တော်​ထဲသို့ ဝင်​ရ​မည်​။ သူ​တို့​သာလျှင် ငါ့​စားပွဲ​သို့​လာ​၍ ငါ့​အမှု​ကို​ထမ်းဆောင်​ရ​သော​အမှုထမ်း ဖြစ်​ရ​မည်​။


သင်​နှင့်​သင်​၏​သား​တို့​ကား ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို စောင့်ထိန်း​ရ​မည်​။ ယဇ်ပလ္လင်​နှင့် ကန့်လန့်ကာ​အတွင်း​ရှိ အလုပ်​ဟူသမျှ​ကို လုပ်ဆောင်​ရ​မည်​။ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်​ခြင်း​ကို သင်​တို့​အား လက်ဆောင်​အဖြစ် ငါ​ပေး​၏​။ မဆိုင်​သော​သူ​ချဉ်းကပ်​လျှင် အသတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။


တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှိ​မိမိ​ညီအစ်ကို​တို့​၏​တာဝန်​ကို ကူညီ​စောင့်ထိန်း​ပေး​နိုင်​သော်လည်း ကိုယ်တိုင်​လုပ်စရာ​မ​လို​ပေ​။ ထိုသို့ လေဝိ​အမျိုး​တို့​အား သူ​တို့​နှင့်ဆိုင်သော​တာဝန်​တို့​ကို သင်​စီရင်​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​သည် ကောင်းကင်တမန်​များ​အားဖြင့် ပြဋ္ဌာန်း​ထား​သော​ပညတ်​တရား​ကို ရရှိ​သော်လည်း ၎င်း​ကို​စောင့်ထိန်း​ခြင်း​မ​ရှိ​ကြ”​ဟု ဆို​လေ​၏။


ခပ်သိမ်း​သော​အရာ​တို့​အား အသက်​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ ပုန္တိ​ပိလတ်​ရှေ့တွင် သက်သေခံ​သောအခါ ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​တော်မူ​သော ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း သင့်​အား ငါ​ညွှန်ကြား​သည်​ကား


ငါ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ အသက်ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို​စီရင်​တော်မူ​မည့် ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း ကိုယ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​နှင့် ကိုယ်တော်​၏​နိုင်ငံ​တော်​ကို​အကြောင်းပြု​၍ သင့်​အား အလေးအနက်​တိုက်တွန်း​သည်​ကား


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ