ထို့နောက် သူတို့အား “သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ အသုံးအဆောင်များလည်း သန့်ရှင်း၏။ ရွှေငွေတို့သည်လည်း သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအား စေတနာအလျောက်ပေးလှူသောပူဇော်သက္ကာ ဖြစ်၏။
ဝတ်ပြု 21:6 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ သူတို့ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ သူတို့ဘုရားသခင်အဖို့ စားဖွယ်ရာဖြစ်သော ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များကို ပူဇော်ရသောသူများဖြစ်သောကြောင့် သူတို့သည် သန့်ရှင်းခြင်းရှိကြရမည်။ Common Language Bible သူသည်သန့်ရှင်းရမည်။ ငါ၏နာမတော် ကိုမရှုတ်ချရ။ သူသည်ငါ့အားပူဇော် သကာကိုဆက်သရသူဖြစ်၍သန့်ရှင်း ရမည်။- Garrad Bible သူ တို့ ဘု ရား သ ခင့် အ ဖို့ သီး သန့် သ ဖြင့် နာ မ တော် ကို မ ညှိုး မ ပုပ် စေ ကြ ရ။ ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ များ၊ သူ တို့ ဘု ရား သ ခင် ဆိုင် ရာ အ စာ အာ ဟာ ရ ကို ဆက် ကပ် လေ့ ရှိ သော ကြောင့် သန့် ရှင်း လျက် နေ ကြ ရ မည်။ Judson Bible သူသည် မိမိဘုရားသခင်အဖို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သောကြောင့် သန့်ရှင်းခြင်းရှိရမည်။ |
ထို့နောက် သူတို့အား “သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ အသုံးအဆောင်များလည်း သန့်ရှင်း၏။ ရွှေငွေတို့သည်လည်း သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအား စေတနာအလျောက်ပေးလှူသောပူဇော်သက္ကာ ဖြစ်၏။
ထာဝရဘုရားထံသို့ ချဉ်းကပ်သောယဇ်ပုရောဟိတ်တို့သည်လည်း မိမိကိုယ်မိမိ သန့်ရှင်းစေရမည်။ သို့မဟုတ်လျှင် ထာဝရဘုရားသည် သူတို့ကိုဒဏ်ခတ်တော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်သည် ရွှေစင်ပြားကိုလုပ်၍ ကမ္ပည်းတံဆိပ်အဖြစ် ထိုရွှေစင်ပြားပေါ်၌ ‘ထာဝရဘုရား၌သန့်ရှင်းခြင်း’ဟု ကမ္ပည်းထိုးရမည်။
တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်ကို ငါသန့်ရှင်းစေမည်။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ့သားတို့ကိုလည်း ငါသန့်ရှင်းစေမည်။
ထွက်သွားကြ။ ထွက်သွားကြ။ ထိုအရပ်မှ ထွက်ခွာသွားကြ။ မစင်ကြယ်သောအရာကို မထိကြနှင့်။ ထိုအရပ်မှ ထွက်ခွာသွားကြလော့။ ထာဝရဘုရား၏တဲတော်တန်ဆာပလာများကို ထမ်းသောသူတို့၊ သန့်ရှင်းစင်ကြယ်ခြင်းရှိကြလော့။
သင်တို့သည် ငါ့ထံ စားဖွယ်ခဲဖွယ်၊ အဆီ၊ အသွေးတို့ကို ပူဇော်သောအခါ စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားတို့ကို ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်လာ၍ ငါ့အိမ်တော်ကို ညစ်ညူးစေကြ၏။ စက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ဖြင့် ငါ၏ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။
ထိုအခါ မောရှေက အာရုန်အား “ထာဝရဘုရားက ‘ငါ့ထံသို့ချဉ်းကပ်သောသူတို့အား ငါသန့်ရှင်းကြောင်း ငါထင်ရှားပြမည်။ လူအပေါင်းတို့ရှေ့၌ ငါသည် ဘုန်းအသရေရှိမည်’ဟူ၍ မိန့်ဆိုခဲ့သည်မှာ ဤအမှုကိုဆိုလို၏”ဟု ဆိုသော် အာရုန်သည် တိတ်ဆိတ်နေလေ၏။
သင်၏သားမြေးတို့ကို မောလုတ်ဘုရားအားပူဇော်ရန် မပေးရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ငါ့နာမတော်ကိုတိုင်တည်၍ မဟုတ်မမှန်ကျိန်ဆိုခြင်းမပြုရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ထိုသူသည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူခြင်းဖြင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍ ငါ၏သန့်ရှင်းသောနာမတော်ကိုရှုတ်ချသောကြောင့် ငါသည် သူ့ကို မျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
“အာရုန်အား ဆင့်ဆိုလော့။ သင့်သားစဉ်မြေးဆက်၏မျိုးဆက်တစ်လျှောက်တွင် ကိုယ်အင်္ဂါချို့ယွင်းသောသူသည် မိမိဘုရားသခင်အဖို့ စားဖွယ်ရာကို ပူဇော်ရန် မချဉ်းကပ်ရ။
ယဇ်ပုရောဟိတ်အာရုန်၏သားစဉ်မြေးဆက်တို့တွင် ကိုယ်အင်္ဂါချို့ယွင်းသောသူမည်သူမျှ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရန် မချဉ်းကပ်ရ။ ကိုယ်အင်္ဂါချို့ယွင်းသောသူသည် မိမိဘုရားသခင်အဖို့ စားဖွယ်ရာကို ပူဇော်ရန် မချဉ်းကပ်ရ။
သို့သော် သူသည် ကိုယ်အင်္ဂါချို့ယွင်းသောကြောင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာမရောက်မည့်အကြောင်း ကန့်လန့်ကာအတွင်းသို့ မဝင်ရ၊ ယဇ်ပလ္လင်သို့လည်း မချဉ်းကပ်ရ။ အကြောင်းမူကား ငါထာဝရဘုရားသည် ထိုအရာတို့ကို သန့်ရှင်းစေပြီ”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည် သင်၏ဘုရားသခင်အား စားဖွယ်ရာကိုဆက်သရသောကြောင့် သင်သည် သူ့ကို သန့်ရှင်းစေရမည်။ သူသည် သင့်အဖို့ သန့်ရှင်းသောသူဖြစ်ရမည်။ အကြောင်းမူကား သင်တို့ကိုသန့်ရှင်းစေသော ငါထာဝရဘုရားသည် သန့်ရှင်း၏။
ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောစားဖွယ်ရာပူဇော်သက္ကာအဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။
ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။
“အစ္စရေးအမျိုးသားတို့ကို မိန့်မှာလော့။ ‘ငါ့အဖို့ ပူဇော်သက္ကာ၊ ငါ့အဖို့မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာကို သတ်မှတ်ထားသောအချိန်၌ ပူဇော်ရန် သတိပြုရမည်’ဟု သူတို့အား ဆင့်ဆိုလော့။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။