Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 19:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထာဝရဘုရား​ထံသို့ ချဉ်းကပ်​သော​ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိကိုယ်မိမိ သန့်ရှင်း​စေ​ရ​မည်​။ သို့မဟုတ်လျှင် ထာဝရဘုရား​သည် သူ​တို့​ကို​ဒဏ်ခတ်​တော်မူ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ငါ့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သော​ယဇ်​ပု​ရော ဟိတ်​များ​ပင်​လျှင် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ရ​မည်။ ထို​သို့​မ​ပြု​လျှင်​ငါ​သည်​သူ​တို့ အား​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ငါ ထာ ဝ ရ ဘု ရား ဒဏ် မ ခတ် ရ စေ ရန် ငါ့ ထံ ချဉ်း ကပ် ခွင့် ရှိ သော ပ ရော ဟိတ် တို့ လည်း ကိုယ် ကို သန့် ရှင်း ကြ စေ ဟု မော ရှေ အား မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း၊ ကိုယ်​ကို​ကိုယ်​သန့်​ရှင်း​စေ​ရ​မည်။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 19:22
17 ပူးပေါင်းရင်းမြစ်များ  

ယခင်က သေတ္တာ​တော်​ကို​သယ်ဆောင်​ရာ​တွင် သင်​တို့​မ​ပါ​ခဲ့​၊ ငါ​တို့​လည်း စီရင်ထုံးဖွဲ့ချက်​အတိုင်း မ​မေးလျှောက်​ဘဲ သယ်ဆောင်​ခဲ့​သောကြောင့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို ဒဏ်ခတ်​တော်မူ​ခဲ့​ပြီ​”​ဟု မိန့်ဆို​၏​။


ဒုတိယ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် ပသခါသိုးသငယ်​ကို သတ်​ကြ​၏​။ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​သည် အရှက်ရ​၍ သန့်ရှင်း​ခြင်း​ဝတ်​ကို​ပြု​ကြ​၏​။ ထို့နောက် မီးရှို့ရာယဇ်​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​သွား​ကြ​၏​။


အကြောင်းမူကား မိမိတို့ကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​ပြု​ပြီး​သော​ယဇ်ပုရောဟိတ်​တို့ မ​လုံလောက်​ခြင်း​နှင့် ဂျေရုဆလင်​မြို့​တွင် လူ​တို့​လာရောက်​စုဝေး​ခြင်း​မ​ရှိ​သေး​သောကြောင့် သတ်မှတ်​ထား​သော​အချိန်​တွင် ပွဲတော်​ကို​မ​ကျင်းပ​နိုင်​ခဲ့​ချေ​။


ထာဝရဘုရား​က​လည်း “​သွား​လော့​။ ဆင်းသွား​လော့​။ သင်​သည် အာရုန်​ကို သင်​နှင့်အတူ​တက်လာ​စေ​ရ​မည်​။ သို့သော် ယဇ်ပုရောဟိတ်​များ​နှင့်​လူ​တို့​ကို စည်းကျော်ဝင်​၍ ငါ​ထာဝရဘုရား​ထံသို့​မ​တက်လာ​စေ​နှင့်​။ တက်လာ​လျှင် သူ​တို့​ကို ဒဏ်ခတ်​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။


ယခု သင်​တို့​သည် ငါ့​စကား​ကို​သေချာ​စွာ​နားထောင်​၍ ငါ​၏​ပဋိညာဉ်​ကို​စောင့်ထိန်း​လျှင် လူမျိုး​တကာ​တို့​တွင် သင်​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်မည်​။ အကယ်စင်စစ် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို ငါ​ပိုင်​၏​။


ထို့နောက် အစ္စရေး​အမျိုးသား​လူငယ်​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် ထာဝရဘုရား​အား မီးရှို့ရာယဇ်​တို့​ကို​ပူဇော်​၍ နွားထီး​များ​ကို မိတ်သဟာယယဇ်​အဖြစ် ယဇ်ပူဇော်​ကြ​လေ​၏​။


ထွက်သွား​ကြ​။ ထွက်သွား​ကြ​။ ထို​အရပ်​မှ ထွက်ခွာ​သွား​ကြ​။ မစင်ကြယ်​သော​အရာ​ကို မ​ထိ​ကြ​နှင့်​။ ထို​အရပ်​မှ ထွက်ခွာ​သွား​ကြ​လော့​။ ထာဝရဘုရား​၏​တဲ​တော်​တန်ဆာပလာ​များ​ကို ထမ်း​သော​သူ​တို့​၊ သန့်ရှင်းစင်ကြယ်​ခြင်း​ရှိ​ကြ​လော့​။


သူ​တို့​သည် သူ​တို့​၏​ဘုရားသခင်​အဖို့ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ သူ​တို့​ဘုရားသခင်​၏​နာမ​တော်​ကို မ​ရှုတ်ချ​ရ​။ သူ​တို့​ဘုရားသခင်​အဖို့ စားဖွယ်ရာ​ဖြစ်​သော ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​များ​ကို ပူဇော်​ရ​သော​သူ​များ​ဖြစ်​သောကြောင့် သူ​တို့​သည် သန့်ရှင်း​ခြင်း​ရှိ​ကြ​ရ​မည်​။


သင်​သည် လူ​တို့​အား ‘​သင်​တို့​က ငါ​တို့​စားစရာ​အသား​ကို မည်သူ​ပေး​မည်နည်း​။ အီဂျစ်​ပြည်​၌ ငါ​တို့​ကောင်းစား​ခဲ့​ကြ​၏​ဟု ဆို​လျက် ထာဝရဘုရား​ကြား​အောင် ငိုကြွေး​ကြ​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​အား အသား​ကို ပေး​တော်မူ​မည်​ဖြစ်၍ သင်​တို့​သည် အသား​ကို စား​ရ​လိမ့်မည်​။ သို့ဖြစ်၍ မနက်ဖြန်​အတွက် သင်တို့ကိုယ်သင်တို့ သန့်ရှင်း​စေ​ကြ​လော့​။


ထို​ခဏချင်း​တွင် သူ​သည် ပေတရု​၏​ခြေ​ရင်း​၌ လဲ​၍​သေဆုံး​လေ​၏။ လူငယ်​များ​သည်​လည်း ဝင်လာ​၍ သေဆုံး​နေ​သော​ထို​အမျိုးသမီး​ကို​တွေ့​လျှင် သယ်ဆောင်​သွား​ကာ သူ​၏​ခင်ပွန်း​အနား​၌ သင်္ဂြိုဟ်​ကြ​၏။


အာနနိ​သည် ထို​စကား​တို့​ကို​ကြား​လျှင် လဲ​၍​သေဆုံး​လေ​၏။ ထို​အခြင်းအရာ​ကို ကြား​ရ​သော​သူ​အားလုံး​တို့​သည် အလွန်​ကြောက်ရွံ့​သွား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ