သင်သည် ယဇ်ကောင်၏သွေးကို တဆေးပါသောမုန့်နှင့်အတူ ငါ့အား မပူဇော်ရ။ ငါ့အားပူဇော်သောအဆီကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
ဝတ်ပြု 2:11 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားအား သင်တို့ပူဇော်သည့်ဘောဇဉ်ပူဇော်သက္ကာတိုင်းသည် တဆေးပါသောမုန့်မဖြစ်ရ။ တဆေးဖြစ်စေ၊ ပျားရည်ဖြစ်စေ မည်သည်ကိုမျှ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မရှို့ရ။ Common Language Bible ထာဝရဘုရားအား သင်တို့ဆက်သသော ဘောဇဉ်သကာရှိသမျှတို့တွင် တဆေး မပါစေရ။ ထာဝရဘုရားအားပူဇော် သည့်ဘောဇဉ်သကာတွင် ဘယ်သောအခါ မျှတဆေးသို့မဟုတ်ပျားရည်မပါ စေရ။- Garrad Bible ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ အ ဖြစ် တ ဆေး၊ ပျား ရည်၊ မည် သည် ကို မျှ မ ပူ ဇော် ရ သည် နှင့် အ ညီ တ ဆေး ပါ သော ဘော ဇဉ် သ က္ကာ ကို မ ဆက် ကပ် ရ။ Judson Bible ထာဝရဘုရားအားဆက်သော ဘောဇဉ်ပူဇော်သကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာပြုသောအခါ၊ တဆေးကိုမီးမရှို့ရ။ ပျားရည်ကိုလည်းမရှို့ရ။ |
သင်သည် ယဇ်ကောင်၏သွေးကို တဆေးပါသောမုန့်နှင့်အတူ ငါ့အား မပူဇော်ရ။ ငါ့အားပူဇော်သောအဆီကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
ထိုအရာတို့ကို သူတို့၏လက်ထဲမှခံယူ၍ ထာဝရဘုရားရှေ့တော်၌ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။
သင်သည် ယဇ်ကောင်၏သွေးကို တဆေးပါသောမုန့်နှင့်အတူ ငါ့အား မပူဇော်ရ။ ပသခါပွဲ၌ပူဇော်သောယဇ်ကောင်ကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
ငါ့သား၊ ပျားရည်သည် ကောင်းသောကြောင့် စားသုံးလော့။ ပျားလပို့မှပျားရည်သည် သင်၏လျှာ၌ချိုမြိန်၏။
ပျားရည်ကိုတွေ့လျှင် သင့်အတွက် လုံလောက်ရုံမျှသာစားလော့။ ထိုသို့မစားဘဲ ဝအီအောင်စားလျှင် ၎င်းကိုအန်ထုတ်ရလိမ့်မည်။
ပျားရည်ကို များစွာစားသုံးခြင်းသည်မကောင်းပေ။ ဂုဏ်သရေပေါ် ဂုဏ်သရေထပ်၍ရှာခြင်းသည်လည်း ထိုနည်းတူဖြစ်၏။
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို ယူဆောင်လာ၍ မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ယဇ်ပုရောဟိတ်သည် ကိုယ်ပေါ်၌ ပိတ်ချောအင်္ကျီနှင့် ပိတ်ချောဘောင်းဘီကိုဝတ်၍ ယဇ်ပလ္လင်ပေါ်ရှိ မီးလောင်ကျွမ်းထားသည့်မီးရှို့ရာယဇ်၏ပြာပုံကို ထုတ်ယူပြီး ယဇ်ပလ္လင်၏ဘေး၌ ပုံထားရမည်။
ထိုအခါ ယေရှုက“ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကို အထူးသတိထားကြလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်က“ဖာရိရှဲတို့၏တဆေးနှင့် ဟေရုဒ်၏တဆေးတို့ကို အထူးသတိပြုကြလော့”ဟု မိန့်မှာတော်မူ၏။
ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ“ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
ဤသည်ကား ကိုယ်ကာယ၌အသက်ရှင်ရမည့် ကျန်ရှိသေးသောအချိန်ကာလကို လူတို့၏တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်၏အလိုတော်အားဖြင့် အသက်ရှင်နိုင်ရန်ဖြစ်၏။