အဗရှလုံ၏လူတို့က ထိုမိန်းမ၏အိမ်သို့ရောက်လာပြီး “အဟိမတ်နှင့် ယောနသန်ကား အဘယ်မှာနည်း”ဟု မေးလျှင် ထိုမိန်းမက “ချောင်းကို ကူးသွားကြပြီ”ဟု ပြန်ပြော၏။ သူတို့ လိုက်ရှာသော်လည်း မတွေ့သဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။
ဝတ်ပြု 19:11 - မြန်မာ့စံမီသမ္မာကျမ်း မခိုးရ။ မလိမ်ညာရ။ သူတစ်ပါးကို မလှည့်စားရ။ Common Language Bible ``သူတစ်ပါး၏ပစ္စည်းကိုမခိုးရ။ သူတစ်ပါး ကိုမလှည့်စားရ။ မုသားစကားမပြော ရ။- Garrad Bible အ ချင်း ချင်း ခိုး ယူ ခြင်း၊ လှည့် ဖြား ခြင်း၊ မု သာ သုံး ခြင်း မ ပြု ရ။ Judson Bible သူ့ဥစ္စာကို မခိုးရ။ သူတစ်ပါးကို မလှည့်စားရ။ တစ်ယောက်ကိုတစ်ယောက် မုသားစကားမပြောရ။ |
အဗရှလုံ၏လူတို့က ထိုမိန်းမ၏အိမ်သို့ရောက်လာပြီး “အဟိမတ်နှင့် ယောနသန်ကား အဘယ်မှာနည်း”ဟု မေးလျှင် ထိုမိန်းမက “ချောင်းကို ကူးသွားကြပြီ”ဟု ပြန်ပြော၏။ သူတို့ လိုက်ရှာသော်လည်း မတွေ့သဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။
ပရောဖက်က “ငါသည်လည်း သင်ကဲ့သို့ ပရောဖက်တစ်ပါးပင်ဖြစ်ပါ၏။ ‘သူ့ကို သင့်အိမ်သို့ ပြန်ခေါ်သွားပါ။ အစာလည်း ကျွေးပါ၊ ရေလည်း တိုက်ပါ’ဟူသည့် ထာဝရဘုရား၏စကားတော်ကို ကောင်းကင်တမန်တစ်ပါးက ငါ့အား မိန့်တော်မူပြီ”ဟု လိမ်ညာပြောဆိုလေ၏။
လိမ်လည်ကောက်ကျစ်မှုကိုပြုသောသူသည် အကျွန်ုပ်၏အိမ်ထဲ၌ နေထိုင်ရလိမ့်မည်မဟုတ်ပါ။ မုသားပြောဆိုသောသူသည် အကျွန်ုပ်၏မျက်စိရှေ့တွင် ရပ်တည်နိုင်မည်မဟုတ်ပါ။
“လူအပေါင်းတို့သည် လိမ်လည်သောသူများသာဖြစ်ကြ၏”ဟု ငါအလန့်တကြားပြောဆိုမိ၏။
သင့်အိမ်နီးချင်း၏အိမ်ကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏မယား၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ မတပ်မက်ရ။”
တစ်စုံတစ်ဦးသည် နွား၊ သို့မဟုတ် သိုးကို ခိုးယူ၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ နွားတစ်ကောင်အတွက် နွားငါးကောင်၊ သိုးတစ်ကောင်အတွက် သိုးလေးကောင်ကို အလျော်ပေးရမည်။
တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ ငွေ၊ သို့မဟုတ် ပစ္စည်းကို ထိန်းသိမ်းပေးရန်အပ်ထားရာ သူခိုးသည် ၎င်းတို့ကို အပ်ထားသောအိမ်မှခိုးယူ၍ သူ့ကိုဖမ်းမိလျှင် သူသည် နှစ်ဆအလျော်ပေးရမည်။
မဟုတ်မမှန်သောသတင်းကိုမဖြန့်ရ။ ဆိုးယုတ်သောသူနှင့်ပေါင်း၍ မတရားသောသက်သေ မထွက်ဆိုရ။
အကြောင်းမရှိဘဲ သင်၏အိမ်နီးချင်းကိုဆန့်ကျင်၍ သက်သေမထွက်ဆိုနှင့်။ သင်၏နှုတ်ခမ်းဖြင့် မလှည့်စားနှင့်။
“အဘယ်ကြောင့်ဆိုသော် အငယ်ဆုံးမှစ၍ အကြီးဆုံးတိုင်အောင် ထိုသူအပေါင်းတို့သည် မတရားသောအကျိုးစီးပွားကို တပ်မက်ကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်အပေါင်းတို့သည်လည်း မဟုတ်မမှန်ပြုမူတတ်ကြ၏။
သင်၏စပျစ်ခြံတွင် ကောက်သင်းမကောက်ရ။ သင့်စပျစ်ခြံမှ ကြွေကျသောစပျစ်သီးကိုလည်း မကောက်ရ။ ဆင်းရဲသားနှင့်တိုင်းတစ်ပါးသားတို့အတွက် ချန်ထားရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
လုံးဝမပျက်ပြယ်နိုင်ရာ။ “ကိုယ်တော်သည် မိမိမိန့်တော်မူသောစကားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၍ တရားဆိုင်တော်မူသောအခါ အောင်မြင်မည့်အကြောင်းတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း လူခပ်သိမ်းသည် လိမ်လည်သောသူဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်တော်မူသောအရှင်ဖြစ်ပါစေသော။
ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။
အချင်းချင်းမလိမ်ညာကြနှင့်။ အကြောင်းမူကား သင်တို့သည် လူဟောင်းကို ၎င်း၏အကျင့်များနှင့်အတူချွတ်ပယ်၍
တရားနှင့်မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သောသူများ၊ မမှန်မကန်သက်သေထွက်ဆိုသောသူများနှင့် မှန်ကန်ပြည့်စုံသောဩဝါဒကိုဆန့်ကျင်သည့် အခြားအရာအားလုံးတို့အတွက်ရှိကြောင်းကို ငါတို့သိကြ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။