Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊ လူ​ကုန်ကူး​သူ​များ၊ လိမ်လည်​သော​သူ​များ၊ မမှန်မကန်​သက်သေ​ထွက်ဆို​သော​သူ​များ​နှင့် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို​ဆန့်ကျင်​သည့် အခြား​အရာ​အားလုံး​တို့​အတွက်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လိင်တူချင်း​ဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သော​သက်သေခံသူများ​နှင့် မှန်ကန်သော​အယူဝါဒ​ကို ဆန့်ကျင်​သမျှသော​အရာများ​တို့​အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြ​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:10
34 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် လောတ​ကို​ဟစ်ခေါ်​လျက် “​ယနေ့ည​တွင် သင့်​ထံသို့​ရောက်လာ​သော​ယောက်ျား​တို့​သည် အဘယ်မှာ​ရှိ​သနည်း​။ ငါ​တို့​သည် သူ​တို့​နှင့်​ဆက်ဆံ​လို​သည်​ဖြစ်၍ သူ​တို့​ကို ငါ​တို့​ထံ​ထုတ်​ခဲ့​လော့​”​ဟု ဆို​ကြ​၏​။


လာ​ကြ​။ သူ့​ကို ဣရှမေလ​လူမျိုး​တို့​ထံ ရောင်းလိုက်​ကြ​စို့​။ သူ​သည် ငါ​တို့​၏​ညီ​၊ ငါ​တို့​၏​သွေးသား​ဖြစ်​သောကြောင့် သူ့​ကို ကိုယ်ထိလက်ရောက်​မ​ပြု​မိ​စေ​နှင့်​”​ဟု ဆို​၏​။ ညီအစ်ကို​တို့​သည်​လည်း သူ့​ကို​နာခံ​ကြ​၏​။


အကယ်စင်စစ် အကျွန်ုပ်​သည် ဟေဗြဲ​ပြည်​မှ အတင်းအကျပ်​ခေါ်ဆောင်​လာ​ခြင်း​ခံ​ခဲ့​ရ​ပါ​၏​။ ဤ​အရပ်​၌​လည်း အကျွန်ုပ်​သည် အမှား​တစ်စုံတစ်ရာ​မ​ပြု​ခဲ့​ဘဲ အကျွန်ုပ်​ကို ဤ​မြေအောက်​အကျဉ်းခန်း​ထဲ၌​ထည့်​ထား​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို အချည်းနှီး​မ​မြွက်ဆို​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​နာမ​တော်​ကို အချည်းနှီး​မြွက်ဆို​သော​သူ​အား အပြစ်​မ​ပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။


မည်သူမဆို လူ​ကို​ခိုးယူ​ပြီး ရောင်းစား​လိုက်​သည်​ဖြစ်စေ​၊ လက်ဝယ်​တွေ့ရှိ​သည်​ဖြစ်စေ မုချ​အသတ်​ခံရ​မည်​။


သူ​တို့​ပြော​သော​စကား​သည် စကား​သက်သက်​သာ ဖြစ်​၏​။ ပဋိညာဉ်​ဖွဲ့​ရာ​၌ အချည်းနှီး​ကျိန်ဆို​ကြ​၏​။ ထို့ကြောင့် တရားစီရင်​ခြင်း​သည် ထွန်ကြောင်း​ပေါ်တွင် ပေါက်​သော​အဆိပ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။


မိန်းမ​နှင့် သင်​အိပ်​သကဲ့သို့ ယောက်ျား​နှင့် မ​အိပ်​ရ​။ ထို​အမှု​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​ဖြစ်​၏​။


တစ်စုံတစ်ယောက်​သည် မိန်းမ​နှင့် အိပ်​သကဲ့သို့ ယောက်ျားချင်း​နှင့်​အိပ်​လျှင် သူ​တို့​နှစ်ဦးစလုံး​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​ကြ​သောကြောင့် မုချ​အသတ်​ခံရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဤ​စာလိပ်​ကို ငါ​စေလွှတ်​သဖြင့် သူခိုး​၏​အိမ်​ထဲ၌​လည်းကောင်း​၊ ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ကျိန်ဆို​သူ​၏​အိမ်​ထဲ၌​လည်းကောင်း ဝင်​နေ​၍ သစ်သား​၊ ကျောက်တုံး​တို့​ပါ​မ​ကျန် ထို​အိမ်​ကို ဖျက်ဆီး​ပစ်​လိမ့်မည်”​ဟု ငါ့​အား ပြောပြ​၏​။


သင်​တို့​စိတ်​ထဲ၌ ကိုယ့်​အိမ်နီးချင်း​အား မကောင်း​သော​အကြံ​ကို မ​ကြံစည်​ရ​။ မဟုတ်မမှန် ကျိန်ဆို​ခြင်း​ကို မ​နှစ်သက်​ရ​။ ဤ​အရာ​အလုံးစုံ​ကို ငါ​မုန်း​၏’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


“​သင်​တို့​ကို တရားစီရင်​ရန် သင်​တို့​ထံသို့ ငါ​ကြွလာ​မည်​။ ငါ​သည် မှော်ဆရာ​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​များ​၊ မဟုတ်မမှန်​ကျိန်ဆို​သော​သူ​များ​၊ သူရင်းငှား​၏​လုပ်အားခ​ကို မပေး​သော​သူ​များ​၊ မုဆိုးမ​နှင့် ဖတဆိုး​တို့​ကို နှိပ်စက်​သော​သူ​များ​၊ တိုင်းတစ်ပါးသား​တို့​ကို လျစ်လျူရှု​၍ ငါ့​ကို​မ​ကြောက်ရွံ့​သော​သူ​များ​ကို​ဆန့်ကျင်​လျက် အလျင်အမြန်​သက်သေ​ထွက်ဆို​မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သင်​တို့​သည် သင်​တို့​၏​အဖ​မာရ်နတ်​နှင့်​စပ်ဆိုင်​ကြ​ပြီး သင်​တို့​အဖ​၏​ဆန္ဒ​အတိုင်း​ပြု​လို​ကြ​၏။ မာရ်နတ်​သည် အစအဦး​ကပင် လူသတ်သမား​ဖြစ်​၏။ သူ​၌​သမ္မာတရား​မ​ရှိ​သောကြောင့် သမ္မာတရား​၌​မ​ရပ်တည်။ သူ​သည် လိမ်လည်​သော​သူ​ဖြစ်​ပြီး လိမ်လည်​ခြင်း​၏​အဖ​လည်း​ဖြစ်​သောကြောင့် လိမ်လည်​ပြောဆို​သောအခါ မိမိ​ပင်ကိုစရိုက်​အတိုင်း​ပြောဆို​၏။


ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ရှက်ဖွယ်​ကောင်း​သော​ကိလေသာ​လက်​သို့ အပ်လိုက်​သဖြင့် သူ​တို့​ထဲမှ မိန်းမ​တို့​ပင်လျှင် သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို သဘာဝ​နှင့်​ဆန့်ကျင်​သော​ဆက်ဆံ​မှု​ဖြင့် လဲလှယ်​ကြ​၏။


တစ်စုံတစ်ယောက်​သည် မိမိ​အမျိုးသားချင်း​ဖြစ်​သော အစ္စရေး​အမျိုးသား​တို့​ထဲမှ တစ်ယောက်ယောက်​ကို ခိုးယူ​ပြီး ထို​သူ​ကို ကျွန်ပြု​သည်​ဖြစ်စေ​၊ ရောင်းစား​သည်​ဖြစ်စေ ထို​သူခိုး​ကို​တွေ့​လျှင် အသေသတ်​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။


ဤ​အကြောင်းအရာ​များ​ကို ညီအစ်ကို​တို့​အား​ညွှန်ပြ​လျှင် သင်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​တရား​စကား​နှင့် သင်​လိုက်လျှောက်​သည့် ကောင်း​သော​သွန်သင်​ချက်​၏​တရား​စကား​တို့​ဖြင့် ပြုစု​ပျိုးထောင်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ယေရှု​၏​ကောင်း​သော​အစေခံ​ဖြစ်​လိမ့်မည်။


တစ်စုံတစ်ယောက်​သည် ခြားနား​သော​ဩဝါဒ​ကို​သွန်သင်​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​မှန်ကန်​ပြည့်စုံ​သော​တရား​စကား​နှင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်​ညီ​သော​ဩဝါဒ​တို့​ကို မ​လိုက်နာ​လျှင်


သင်​သည် ခရစ်တော်​ယေရှု​အပေါ်​၌​ရှိ​သော ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ဖြင့် ငါ့​ထံမှ​ကြားနာ​ရ​သော မှန်ကန်​ပြည့်စုံ​သည့်​တရား​စကား​များ​ကို စံနမူနာ​အဖြစ်​စွဲကိုင်​ထား​လော့။


အကြောင်းမူကား လူ​တို့​သည် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို သည်းခံ​နာယူ​နိုင်​ခြင်း​မ​ရှိ​သဖြင့် မိမိ​တို့​တပ်မက်​ခြင်း​အတိုင်း နား​ခံသာ​သော​အရာ​ကို​ဟောပြော​သည့်​ဆရာ​များ​ကို​စုရုံး​စေ​ကာ


ဤ​သက်သေခံ​ချက်​သည်​မှန်​ပေ​၏။ ထို့ကြောင့် ဂျူး​လူမျိုး​တို့​၏​ဒဏ္ဍာရီ​များ​နှင့် သမ္မာတရား​ကို​စွန့်ပယ်​သော​သူ​တို့​၏​ပညတ်​ချက်​များ​အပေါ် အာရုံ​မ​စိုက်​ဘဲ ယုံကြည်​ခြင်း​အရာ​၌ မှန်ကန်​ပြည့်စုံ​မှု​ရှိ​ကြ​ရန် သူ​တို့​ကို ပြင်းထန်​စွာ​ဆိုဆုံးမ​လော့။


သူ​သည် မှန်ကန်​ပြည့်စုံ​သော​သြဝါဒ​အားဖြင့် တိုက်တွန်း​နှိုးဆော်​နိုင်​ရန်​နှင့် ဆန့်ကျင်​ပြောဆို​သော​သူ​တို့​၏​အပြစ်​ကို​ဖော်ပြ​နိုင်​ရန် မိမိ​သင်ယူ​ထား​သည့် သစ္စာ​နှင့်​ပြည့်စုံ​သော​နှုတ်ကပတ်​တရား​ကို စွဲကိုင်​ထား​ရ​မည်။


မင်္ဂလာဆောင်​ခြင်း​အမှု​ကို လူ​တိုင်း​လေးစား​မြတ်နိုး​ရ​မည်။ ထိမ်းမြား​ခြင်း​အိပ်ရာ​ကို​လည်း ညစ်ညူး​ခြင်း​မ​ရှိ​စေ​ရ။ အကြောင်းမူကား တရားနှင့်မညီ​မေထုန်ပြု​သူ​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​တို့​ကို ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။


ထိုကဲ့သို့ပင် သောဒုံ​မြို့၊ ဂေါမောရ​မြို့​နှင့် ၎င်း​တို့​၏​ပတ်ဝန်းကျင်​မြို့​များ​သည်​လည်း ထို​သူ​တို့​နည်းတူ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၌​ကျင်လည်​၍ သဘာဝ​နှင့်​ဆန့်ကျင်​သော သွေးသား​တပ်မက်​ခြင်း​အလို​သို့​လိုက်​ကြ​သဖြင့် ထာဝရ​မီး​နှင့်ဆိုင်သော အပြစ်ဒဏ်​ကို​ခံရ​လျက် သင်ခန်းစာ​ယူ​စရာ​ဖြစ်လာ​ကြ​၏။


သစ်ကြံပိုး၊ ဟင်းခတ်​အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်​ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ​နွား​တိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်း​ရထား၊ လူ့​ကိုယ်ခန္ဓာ​နှင့် လူ​၏​အသက်​တို့​ပင်​ဖြစ်​ကြ​၏။


မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ ထို​မြို့​ထဲသို့​ဝင်​ရ​လိမ့်မည်​မ​ဟုတ်။ ရွံရှာ​ဖွယ်​သော​အမှု​နှင့်​လိမ်လည်​မှု​တို့​ကို​ပြုကျင့်​သော​သူ​သည်​လည်း ဝင်ရ​လိမ့်မည်​မဟုတ်။ သိုးသငယ်​တော်​၏​အသက်​စာစောင်​တွင် စာရင်း​ဝင်​သော​သူ​တို့​သာ ဝင်​ရ​ကြ​လိမ့်မည်။


သို့သော် ကြောက်​တတ်​သူ​များ၊ မ​ယုံကြည်​သူ​များ၊ ရွံရှာ​ဖွယ်​ကောင်း​သူ​များ၊ လူသတ်သူ​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ ပြုစား​သော​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် လိမ်လည်​သော​သူ​အပေါင်း​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲ၌ မိမိ​တို့​အဖို့​ကို​ရ​ကြ​လိမ့်မည်။ ဤသည်ကား ဒုတိယ​သေ​ခြင်း​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


အပြင်​၌​ကား ခွေး​များ၊ ပြုစား​သော​သူ​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လူသတ်သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် မုသား​ကို​နှစ်သက်​၍ ကျင့်သုံး​သော​သူ​အပေါင်း​တို့​ရှိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ