ဝတ်ပြု 19:11 - Common Language Bible11 ``သူတစ်ပါး၏ပစ္စည်းကိုမခိုးရ။ သူတစ်ပါး ကိုမလှည့်စားရ။ မုသားစကားမပြော ရ။- အခန်းကိုကြည့်ပါ။Garrad Bible11 အ ချင်း ချင်း ခိုး ယူ ခြင်း၊ လှည့် ဖြား ခြင်း၊ မု သာ သုံး ခြင်း မ ပြု ရ။ အခန်းကိုကြည့်ပါ။Judson Bible11 သူ့ဥစ္စာကို မခိုးရ။ သူတစ်ပါးကို မလှည့်စားရ။ တစ်ယောက်ကိုတစ်ယောက် မုသားစကားမပြောရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 မခိုးရ။ မလိမ်ညာရ။ သူတစ်ပါးကို မလှည့်စားရ။ အခန်းကိုကြည့်ပါ။ |
မည်သည့်နည်းနှင့်မျှဤသို့မဆိုနိုင်။ လူတိုင်း ပင်လိမ်လည်ကြစေကာမူဘုရားသခင်မူ ကား ကတိသစ္စာတည်တော်မူမည်သာဖြစ်၏။ ကျမ်းစာတော်က၊ ``ကိုယ်တော်မိန့်တော်မူသောစကားသည် မှန်ကန်ရမည်။ တရားဆိုင်တော်မူရလျှင်လည်းကိုယ်တော် သာလျှင် အနိုင်ရမည်'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်၏။
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊
အဗရှလုံ၏အမှုထမ်းတို့သည်ထိုအိမ် သို့လာရောက်၍ထိုအမျိုးသမီးအား``အဟိ မတ်နှင့်ယောနသန်အဘယ်မှာနည်း'' ဟု မေး၏။ အမျိုးသမီးက``မြစ်တစ်ဘက်သို့ကူးသွား ကြပါသည်'' ဟုဖြေ၏။ အမှုထမ်းတို့သည်ထိုသူတို့ကိုရှာသော် လည်းမတွေ့သဖြင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။-