ထွက်မြောက် 23:1 - မြန်မာ့စံမီသမ္မာကျမ်း1 မဟုတ်မမှန်သောသတင်းကိုမဖြန့်ရ။ ဆိုးယုတ်သောသူနှင့်ပေါင်း၍ မတရားသောသက်သေ မထွက်ဆိုရ။ အခန်းကိုကြည့်ပါ။Common Language Bible1 ``သင်တို့သည်မဟုတ်မမှန်သောသတင်း ကိုမလွှင့်နှင့်။ အပြစ်ကူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။- အခန်းကိုကြည့်ပါ။Garrad Bible1 သိမ် ဖျင်း သော သ တင်း စ ကား ကို မ ပြော ကြား နှင့်။ မ တ ရား သက် သေ အ ဖြစ် သို့ ရောက် ရန် လူ ဆိုး ကို လက် မ ဆက် နှင့်။ အခန်းကိုကြည့်ပါ။Judson Bible1 သင်သည် မှားသောသတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သောသက်သေကိုမခံရ။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။