အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 15:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​သူ​၏​အိပ်ရာ​ကို ထိမိ​သော​သူ​တိုင်း မိမိ​၏​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထိမိ​သော​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထို​သူ အိပ်​သော​အိပ်​ရာ​ကို​ထိ​မိ​လျှင်၊-

အခန်းကိုကြည့်ပါ။

Garrad Bible

ရေ ချိုး ခြင်း ပြု၍ ညဉ့် ဦး တိုင် မ သန့် လျက် နေ စေ။

အခန်းကိုကြည့်ပါ။

Judson Bible

သူ၏​အိပ်​ရာ​ကို​ထိ​သော​သူ၊ သူ့​ထိုင်​ရာ​အ​ပေါ်​မှာ​ထိုင်​သော​သူ၊ သူ၏​ကိုယ်​ကို​ထိ​သော​သူ၊ သူ၏​တံ​တွေး​ထိ​မိ​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေး​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 15:5
31 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် အပြစ်ကင်း​ခြင်း​ထဲ၌ အကျွန်ုပ်​၏​လက်​ကို​ဆေးကြော​၍ ကိုယ်တော်​၏​ယဇ်ပလ္လင်​ကို​လှည့်ပတ်​ကာ


အကျွန်ုပ်​၏​ဒုစရိုက်​ကို အကုန်အစင်​ဆေးကြော​၍ အကျွန်ုပ်​၏​အပြစ်​မှ အကျွန်ုပ်​ကို​စင်ကြယ်​စေ​တော်မူ​ပါ​။


အကျွန်ုပ်​ကို ဟုဿုပ်ခက်​ဖြင့် သန့်စင်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် စင်ကြယ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ဆေးကြော​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် နှင်းပွင့်​ထက် ပို၍​ဖြူ​ပါ​လိမ့်မည်​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ထံသို့​သွား​၍ ယနေ့​နှင့်​မနက်ဖြန်​တွင် သူ​တို့​ကို သန့်ရှင်း​စေ​လော့​။ သူ​တို့​၏​အဝတ်အစား​များ​ကို​လည်း လျှော်​စေ​လော့​။


ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်​အောင်​ဆေးကြော​ကြ​လော့​။ သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​တို့​ကို ငါ့​မျက်မှောက်​မှ ဖယ်ရှား​ကြ​လော့​။ ဆိုးညစ်​သော​အမှု​ပြု​ခြင်း​ကို ရပ်တန့်​ကြ​လော့​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ့​ကို ဗျာဒိတ်​ပေး​တော်မူ​၏​။ “​သင်​တို့​၏​အပြစ်​ကို သင်​တို့​သေ​သည့်​တိုင်အောင် ဖြေလွှတ်​လိမ့်မည်​မ​ဟုတ်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သင်​တို့​ကို သန့်ရှင်း​သော​ရေ​နှင့်​ပက်ဖျန်း​သဖြင့် သင်​တို့​သည် စင်ကြယ်​လိမ့်မည်​။ သင်​တို့​၏​အညစ်အကြေး​၊ သင်​တို့​၏​ရုပ်တုဆင်းတု​ရှိသမျှ​တို့​မှ​လည်း သင်​တို့​ကို စင်ကြယ်​စေ​မည်​။


သင်​တို့​ကို မသန့်ရှင်း​သော​အပြုအမူ​များ​မှ ကယ်တင်​မည်​။ ကောက်ပဲသီးနှံ​များ​ကို​လည်း ပေါများ​စေ​မည်​။ သင်​တို့​ကို ငတ်မွတ်​ခြင်း​ဘေး​နှင့် ကြုံ​စေ​မည်​မ​ဟုတ်​။


ထို​အကောင်​များ​အားဖြင့် သင်​တို့​သည် မစင်မကြယ်​ဖြစ်​မည်​။ ၎င်း​တို့​၏​အသေကောင်​ကို​ထိမိ​သော​သူ​တိုင်း​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။


၎င်း​တို့​၏​အသေကောင်​ကို ကိုင်​သော​သူ​တိုင်း မိမိ​၏​အဝတ်​ကို​လျှော်​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။


ထို​အသေကောင်​ကို ကိုင်​သော​သူ​သည် မိမိ​၏​အဝတ်​ကို​လျှော်​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို​တိရစ္ဆာန်​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​။


ထို​အကောင်​များ​ထဲမှ တစ်ကောင်ကောင်​သေ​၍ အသေကောင်​သည် အလုပ်​လုပ်​ရာ​တွင် အသုံးပြု​သော​ပစ္စည်း​ဖြစ်​သည့် သစ်သား​၊ ပိတ်စ​၊ သားရေ​၊ လျှော်တေ​ဖြင့် ပြုလုပ်​ထား​သော​အသုံးအဆောင်​တစ်စုံတစ်ခု​ပေါ်သို့​ကျ​လျှင် ထို​အရာ​သည် မစင်ကြယ်​။ ထို​အရာ​ကို ရေ​ထဲ၌ နှစ်​ရ​မည်​။ ထို​အရာ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို့နောက်မှ စင်ကြယ်​လိမ့်မည်​။


ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် ယားနာ​ကို ကြည့်ရှု​စစ်ဆေး​၍ ယားနာ​သည် အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​၊ အရေပြား​အောက်​ရောက်​နေ​ဟန်​လည်း မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ သူ​သည် မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။


ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို နောက်တစ်ဖန်​ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် ပါးသွား​၍ အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် ထို​သူ​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ၎င်း​သည် ပွေးဝဲယားနာ​ဖြစ်​၏​။ ထို​သူ​သည် မိမိ​၏​အဝတ်​ကို လျှော်​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။


ယဇ်ပုရောဟိတ်​သည် ဘယ်​ဘက်​လက်ဖဝါး​ထဲ​ရှိ​ဆီ​အချို့​ကို မိမိ​၏​ယာဘက်​လက်ချောင်း​ဖြင့် ထာဝရဘုရား​ရှေ့​တော်​၌ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။


ယောက်ျား​သည် မိန်းမ​နှင့်​အိပ်​၍ သုက်ရည်​ထွက်​လျှင် နှစ်​ယောက်​စလုံး ရေချိုး​ရ​မည်​။ သူ​တို့​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။


အရိအရွဲထွက်​သူ အိပ်​သည့်​အိပ်ရာ​တိုင်း မစင်မကြယ်​ဖြစ်​၏​။ သူ​ထိုင်​သည့်​နေရာတိုင်း မစင်မကြယ်​ဖြစ်​၏​။


အရိအရွဲထွက်​သူ​ထိုင်​ခဲ့​သော​ဝတ္ထုပစ္စည်း​ပေါ်၌ ထိုင်​မိ​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။


အဇာဇယ်​အဖို့ ဆိတ်သငယ်​ကို လွှတ်​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို့နောက်မှ တပ်စခန်း​ထဲသို့ ပြန်ဝင်​ရ​မည်​။


ထို​အရာ​တို့​ကို​ရှို့​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို့နောက်မှ တပ်စခန်း​ထဲသို့ ပြန်ဝင်​ရ​မည်​။


အမျိုးသားချင်း​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​ဖြစ်စေ တစ်စုံတစ်ယောက်​သည် အလိုလို​သေ​သော​အကောင်​၊ သို့မဟုတ် သားရဲ​ကိုက်သတ်​သော​အကောင်​ကို​စား​မိ​လျှင် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။


နွားမတမ်း​၏​ပြာ​ကို စုသိမ်း​သော​သူ​သည် မိမိ​အဝတ်​ကို လျှော်​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ ဤသည်ကား အစ္စရေး​အမျိုးသား​ဖြစ်စေ​၊ သူ​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ဖြစ်စေ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။


မစင်ကြယ်​သော​သူ ထိမိ​သော​အရာ​မှန်သမျှ​သည် မစင်မကြယ်​ဖြစ်​၏​။ ထို​အရာ​တို့​ကို ထိမိ​သော​သူ​သည်​လည်း နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ငါ​တို့​၏​စိတ်နှလုံး​ကို ဆိုးညစ်​သော​အသိစိတ်​နှင့်​ကင်းစင်​စေရန် ပက်ဖျန်း​ခြင်း​ခံယူ​လျက် ကိုယ်ခန္ဓာ​ကို​လည်း စင်ကြယ်​သော​ရေ​ဖြင့်​ဆေးကြော​ကာ ယုံကြည်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​နှင့် ဖြောင့်မှန်​သော​စိတ်နှလုံး​တို့​ဖြင့် အထံ​တော်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်စို့။


ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။


ထိုသို့​ပူဇော်​ရ​လျှင် ကမ္ဘာ​တည်​ချိန်​မှစ၍ ဒုက္ခ​ဝေဒနာ​ကို အကြိမ်ကြိမ်​ခံစား​ရ​ပေ​လိမ့်မည်။ ယခု​မူကား မိမိ​ကိုယ်​ကို​ပူဇော်​ခြင်း​အားဖြင့် အပြစ်​တရား​ကို​ပယ်ဖျက်​ရန် ကပ်​ကာလ​အဆုံး​၌ တစ်ကြိမ်တည်း​ပေါ်ထွန်း​တော်မူ​၏။


ဘုရားသခင်​ထံ​တော်​သို့ ချဉ်းကပ်​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ထံ ချဉ်းကပ်​တော်မူ​လိမ့်မည်။ အပြစ်သား​တို့၊ သင်​တို့​လက်​ကို စင်ကြယ်​စေ​ကြ​လော့။ စိတ်နှစ်ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်နှလုံး​ကို သန့်ရှင်း​စင်ကြယ်​စေ​ကြ​လော့။


ငါ​က​လည်း “သခင်၊ ကိုယ်တော်​သိ​ပါ​၏”​ဟု ပြန်လျှောက်​လျှင် ထို​သူ​က “ဤ​သူ​တို့​သည် ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲမှ ထွက်လာ​သော​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် မိမိ​တို့​၏​ဝတ်လုံ​များ​ကို သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့် လျှော်ဖွပ်​လျက် ဖြူဖွေး​စေ​ကြ​၏။


ထို​နေ့​တွင် ရှောလု​မင်းကြီး​က “​ဒါဝိဒ်​သည် တစ်စုံတစ်ရာ​ကြောင့် မ​စင်​မ​ကြယ်​ဖြစ်၍​ဖြစ်​မည်​။ စင်စစ် သူ​မ​စင်​မ​ကြယ်​ဖြစ်၍ မ​လာ​ခြင်း​ဖြစ်​မည်​”​ဟု တွေး​၍ မည်သို့​မျှ​မ​ပြော​ပေ​။