Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 20:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထို​နေ့​တွင် ရှောလု​မင်းကြီး​က “​ဒါဝိဒ်​သည် တစ်စုံတစ်ရာ​ကြောင့် မ​စင်​မ​ကြယ်​ဖြစ်၍​ဖြစ်​မည်​။ စင်စစ် သူ​မ​စင်​မ​ကြယ်​ဖြစ်၍ မ​လာ​ခြင်း​ဖြစ်​မည်​”​ဟု တွေး​၍ မည်သို့​မျှ​မ​ပြော​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 သို့​သော်​ထို​နေ့​၌​မင်း​ကြီး​သည်​အ​ဘယ်​သို့ မျှ​မိန့်​မြွက်​တော်​မ​မူ။ အ​ကြောင်း​တစ်​ခု​ခု ကြောင့်​ဒါ​ဝိဒ်​သည်​ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ သန့်​စင်​မှု​မ​ရှိ​သ​ဖြင့် မ​လာ​မ​ရောက်​ခြင်း သာ​ဖြစ်​မည်​ဟု​မှတ်​ယူ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ဒါ ဝိဒ် နေ ရာ လပ် သ တည်း၊ ရှော လု မင်း သည် ဒါ ဝိဒ်၌ အ ကြောင်း တစ် ခု ရှိ ပြီ။ မ သန့် မ စင် သည် ဟု အောက် မေ့၍ ထို နေ့ တွင် မ မေး မ မြန်း ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 သို့​ရာ​တွင် ရှော​လု​က အ​ကြောင်း​တစ်​စုံ​တစ်​ခု ရှိ​လိမ့်​မည်။ သူ​သည် မ​စင်​ကြယ်။ အ​ကယ်၍ သူ​သည်​မ​စင်​ကြယ်​ဟု ထင်​မှတ်၍ ထို​နေ့၌ တိတ်​ဆိတ်​စွာ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 20:26
11 ပူးပေါင်းရင်းမြစ်များ  

ထို​အကောင်​များ​အားဖြင့် သင်​တို့​သည် မစင်မကြယ်​ဖြစ်​မည်​။ ၎င်း​တို့​၏​အသေကောင်​ကို​ထိမိ​သော​သူ​တိုင်း​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။


ခြေ​လေး​ချောင်း​ဖြင့်​သွား​သော​တိရစ္ဆာန်​အားလုံး​တို့​ထဲမှ ဖဝါး​ဖြင့်​သွား​သော​အကောင်​ရှိသမျှ​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​။ ထို​အကောင်​တို့​၏​အသေကောင်​ကို​ထိမိ​သော​သူ​တိုင်း နေဝင်ချိန်​အထိ မစင်ကြယ်​။


တွားသွားသတ္တဝါ​ရှိသမျှ​တို့​တွင် ထို​အကောင်​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​သော​အကောင်​များ​ဖြစ်​၏​။ ထို​အကောင်​များ​သေ​သောအခါ အသေကောင်​ကို​ထိမိ​သော​သူ​တိုင်း နေဝင်ချိန်​အထိ မစင်ကြယ်​။


ထို​အသေကောင်​ကို​စား​သော​သူ​သည် မိမိ​၏​အဝတ်​ကို​လျှော်​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို​အသေကောင်​ကို ကိုင်​သော​သူ​သည်​လည်း မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။


ထို​သူ​၏​အိပ်ရာ​ကို ထိမိ​သော​သူ​တိုင်း မိမိ​၏​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထိမိ​သော​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။


လယ်ယာ​၌​နေ​သော​သူ​မည်သူမဆို ဓား​ဖြင့်​အသတ်ခံရ​သော​သူ​ကို​ဖြစ်စေ​၊ အလိုလို​သေ​သော​သူ​ကို​ဖြစ်စေ​၊ လူသေအရိုး​ကို​ဖြစ်စေ​၊ သင်္ချိုင်းဂူ​ကို​ဖြစ်စေ ထိမိ​လျှင် သူ​သည် ခုနစ်​ရက်​ပတ်လုံး​မစင်မကြယ်​ဖြစ်​၏​။


ရှမွေလ​က​လည်း “​ထာဝရဘုရား​ထံ ယဇ်ပူဇော်​ဖို့ ငြိမ်းချမ်းရေး​အတွက် လာ​ပါ​၏​။ ကိုယ်​ကို စင်ကြယ်​စေ​ကြ​ပြီး ငါ​နှင့်အတူ ယဇ်ပူဇော်ပွဲ​သို့ လာ​ကြ​လော့​”​ဟု သူ​တို့​အား ဆို​၏​။ ယေရှဲ​နှင့် သူ့​သား​များ​ကို​လည်း စင်ကြယ်​အောင်​ပြု​ပြီးမှ ယဇ်ပူဇော်ပွဲ​သို့​လာ​ရန် ဖိတ်ခေါ်​၏​။


နောက်တစ်နေ့ လဆန်းပွဲ ဒုတိယ​မြောက်​နေ့​တွင်​လည်း ဒါဝိဒ်​၏​နေရာ​သည် လွတ်​နေ​ပြန်​၏​။ ထိုအခါ ရှောလု​မင်းကြီး​က သား​တော်​ယောနသန်​အား “​ယေရှဲ​၏​သား​သည် မနေ့က​ရော ယနေ့​ပါ စားသောက်ပွဲ​သို့ အဘယ်ကြောင့် မ​လာ​ဘဲ​နေ​သနည်း​”​ဟု မေး​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ